ပေးရတဲ့ဈေးနှုန်းနဲ့ ထပ်တူညီတဲ့ စိတ်ကျေနပ်မှုကို ပိုင်ဆိုင်စေမယ့် Cetaphil Moisturizing Cream

Moisturizing Cream အချို့တွေအများစုက ဗူးသေးသေးနဲ့ပဲ လာတာပါ။  အရည်အသွေးကောင်းတဲ့ Moisturizing Cream ကို ဗူးကြီးကြီးနဲ့ အားရပါးရ လိမ်းချင်တဲ့သူတွေရှိလား?  ဒါဆို Cetaphil Moisturizing Cream ကိုညွှန်ပေးမယ်နော်။ Moisturizing Cream လည်း လုံးဝကောင်းသလို ဈေးနှုန်းလည်မြင့်ပါတယ်။  ရရှိတဲ့ effect ကလည်း ကောင်းမွန်တယ်ဆိုရင် ပျိုမေတို့ကို စိတ်ကျေနပ်စေမှာပါနော်။ ဒီလို ကောင်းတဲ့ effect တွေသာ ရနေမယ်ဆိုရင် ဈေးနှုန်းက မပြောပလောက်ပါဘူးလေ။ Cetaphil Moisturizing Cream က ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် အလွန်သင့်တော်ပါတယ်။

တခြား Moisturizing Cream နဲ့ မတူတဲ့ ထုပ်ပိုးမှုက ဆွဲဆောင်မှုတစ်မျိုးရှိနေပါတယ်။ Cetaphil Moisturizing Cream ရဲ့ အားသာချက်က အမွေးအနံ့မပါတာပါ။ အမွှေးအကြိုင်တွေမပါတာက ဘယ်အသားအရေမဆို အသုံးပြုလို့ရနိုင်တာပါ။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ မဖြစ်မနေ ဝယ်ထားသင့်တဲ့ skin care ပစ္စည်းတစ်ခုပါ။

Cetaphil Moisturizing Cream ထဲမှာ glyceri , petrolatum,  dimethicone နဲ့ ဗာဒံဆီတို့ ပါဝင်တာမို့ ကြမ်းတမ်းတဲ့ အသားရေနဲ့ နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားရေကို ပြန်လည်ပြုပြင်ပေးပါတယ်။ အစိုဓါတ်ကို ပြန်လည်ဖြည့်တင်းပေးတယ်။ အရေပြားတွေ အိုမင်းရင့်ရော်တာနဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတယ်။ ပတ်ဝန်းကျင်ကြောင့် အသားရေပေါ်မှာ ကျရောက်မယ့် ဖိအားတွေကိုလည်း သက်သာစေတယ်။ အသားရေကို တည်ငြိမ်စေပြီး လျင်မြန်စွာအိုမင်းရင့်ရော်တာကို ကာကွယ်ပေးတယ်။ ဒါတွေကတော့ Cetaphil Moisturizing Cream ရဲ့ အားသာချက်ပါ။

ကဲ အားသာချက်ကို ပြောပြီးပြီဆိုတော့ အားနည်းချက်ကို ပြောပြမယ်နော်။ အားနည်းချက်ကတော့ အားလုံးသိထားပြီးတဲ့အတိုင်းပါပဲ။ ထုပ်ပိုးထားတဲ့ ဗူးက အရွယ်အစားကြီးနေတာပါ။ တကယ်တမ်းတော့ အရွယ်ကြီးတာက ဆွဲဆောင်မှု တစ်ခုဖြစ်ပေမယ့်လည်း အသုံးပြုတဲ့အခါမှာ စနစ်မကျရင် အလေအလွင့် ဖြစ်သွားနိုင်ပါတယ်။ Cetaphil Moisturizing Cream ကို အသုံးပြုပြီးတဲ့အခါ လေမဝင်နိုင်အောင် သေသေချာချာ ပြန်ပိတ်ရမယ်နော်။ စနစ်တကျ မပိတ်ဘူးဆိုရင် ဓါတ်ပြယ်သွားနိုင်တယ်လေ။ နောက်တစ်ခုက လက်နဲ့ အားရပါးရ ကော်ပြီးလိမ်းတဲ့အခါ လက်မှာကပ်နေတဲ့ ဘက်တီးရီးယားပိုးမွှားတွေက ဗူးထဲမှာ ကျန်ခဲ့နိုင်တာပါ။

အားနည်းချက်တွေ ပြောလိုက်လို့လည်း စိတ်မညစ်သွားပါနဲ့နော်။ စနစ်တကျ အဖွင့်အပိတ်ပြုလုပ်ပေးမယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။ ပျိုမေတို့အနေနဲ့  Cetaphil Moisturizing Cream ကို ဗူးကြီးမဝယ်ချင်တာမျိုးနဲ့ ဈေးနှုန်းမြင့်တာမျိုးတွေ အတွက် ၅၀ ဂရမ်ညှစ်ဗူးလေးတွေကို ဝယ်ယူလို့ရတယ်လေ။

ဒီ ၅၀ ဂရမ်ဗူးလေးတွေက မြန်မာငွေနဲ့ တွက်ကြည့်မယ်ဆိုရင် တစ်သောင်းကျော်ကျော်လေးပဲရှိတာမို့ ပျိုမေတို့ အားလုံး လက်လှမ်းမီပါတယ်။ ဗူးအသေးလေးကို အသုံးပြုပြီလို့ ကြိုက်နှစ်သက်တယ်ဆိုရင် ဗူးအကြီးကို ဝယ်သုံးဖို့ တိုက်တွန်းလိုက်ပါတယ်။ အသားအရေစိုပြေဖို့ Moisturizing Cream မှန်မှန်သုံးကြစို့။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password