မမများအတွက် Charlotte Tilbury ရဲ့ Wonderglow Primer

ဒီတစ်ခါတော့ Cosmetic Myanmar ရဲ့ မမတွေ အတွက် သတင်းကောင်းလေး တစ်ခု ကို ပြောပြပေးချင်ပါတယ်။ မိတ်ကပ်တွေကို ရွေးချယ်တဲ့အချိန်မှာ သတိပြုရမယ့်အချက် တစ်ချက် ရှိနေပါတယ်။ အာ့တာကတော့ အသက်အရွယ်ကြောင့် ပျက်စီးလာတဲ့ အသားအရေရဲ့ ဆဲလ်တွေကို ပြန်လည် အားဖြည့်ပေးနိုင်တဲ့နည်းတွေ ပါဝင်လား မပါဝင်ဘူးလား ဆိုတဲ့အချက် တစ်ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မမများအတွက် Charlotte Tilbury ရဲ့ Wonderglow Primer ကို ပြောပြပေးချင်ပါတယ်။

ဘာလို့ မမများအတွက်လို့ ပြောရတာလဲ ဆိုရင်တော့ ဒီ Primer ကို အသက် ၃၅ နှစ်ကနေ အသက် ၆၅ အရွယ်တဲ့ အမျိုးသမီးပေါင်း ၃၂ ယောက်ကို အချိန် ၃ ပတ်ကြာ စမ်းသက် လိမ်းခြယ်ထားပြီးမှ ထုတ်လုပ်ထားတဲ့အတွက်ပါ။

အသက်အရွယ် ရလာတဲ့အချိန်မှာ မိတ်ကပ်လိမ်းရင် မိတ်ကပ်ချည်း တန်းလိမ်းလိုက်တာမျိုးကတော့ မျက်နှာ အသားအရေကို အများကြီး ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အောက်ခံမိတ်ကပ် မလိမ်းခင် အသားအရေမှာ Primer ကို အရင် အောက်ခံ အနေနဲ့ လိမ်းခြယ်ပေးရမှာပါ။ ပြီးမှ Foundation ကို ပြန်လိမ်းပေးရမှာပါ။

လိမ်းခြယ်ရမယ့်နည်းလေးကတော့ အရင်ဆုံး မျက်နှာပေါ်မှာ Moisturiser ကို လိမ်းပါ။ ပြီးမှ Primer ကို လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီး လိမ်းပေးပါ။ လိမ်းတဲ့အချိန်မှာလည်း ပါးရိုးတွေ အပေါ်မှာ သေချာလေး လိမ်းပေးပါ။ ပြီးရင်တော့ အရင်က လိမ်းနေကျ မိတ်ကပ်လိမ်းတဲ့အဆင့်အတိုင်း ဆက်လိမ်းပေးလို့ ရပါပြီ။

ရွေးချယ်စရာ အရွယ်အစားဆိုဒ်အနေနဲ့ကလည်း 40 ml နဲ့ 15 ml ဆိုပြီး ထုတ်လုပ်ထားတာ ဖြစ်လို့ မိမိနှစ်သက်ရာကို ရွေးချယ်ပြီး အသုံးပြုလို့ ရပါတယ်။ အသားအရေ အမျိုးအစားတိုင်းနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတာ ဖြစ်လို့ ဘယ်လို အသားအရေ အမျိုးအစားပဲ ဖြစ်ပါစေ မလိုက်ဖက်မှာ မစိုးရိမ်ရတော့ပါဘူးနော်။

အသက်အရွယ်ကြောင့် ပေါ်ပေါက်လာတဲ့ အရေးအကြောင်းတွေ အလှ အပ လျော့နည်းလာမှာကို ပူစရာ မလိုတော့ဘဲ ကြည်လင်ပြောင်တင်းနေတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်လိုက်နိုင်ဖို့ အတွက် ဆိုရင် မမများအတွက် Charlotte Tilbury ရဲ့ Wonderglow Primer ကို အသုံးပြုလိုက်ဖို့ ပြောပြပေးလိုက်ရပါတယ်နော် ။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password