နွေရာသီနဲ့လိုက်ဖက်တဲ့ ရေမွှေးလေးတွေရွေးကြမယ်

နွေရောက်လာပြီဆိုတော့ နွေရဲ့အပူဒဏ်နဲ့အတူ ခံစားလာရတာကတော့ ချွေးထွက်ခြင်းပါ။ ချွေးထွက်တာနဲ့အမျှ စိတ်တွေလည်းညည်းညူပြီး နေထိုင်ရတာ မရွှင်မလန်းဖြစ်တတ်တာမျိုးကြုံဖူးကြမှာပါ။ ဒီလိုအချိန်မျိုးမှာပျိုတို့ကို အကူအညီပေးနိုင်မှာကတော့ နွေရာသီနဲ့လိုက်ဖက်တဲ့ ရေမွှေလေးတွေပဲဖြစ်ပါတယ်။ ဒါကြောင့် နွေရာသီနဲ့လိုက်ဖက်တဲ့ ရေမွှေးလေးတွေကို ပျိုတို့အတွက်ဖော်ပြပေးလိုက်ရပါတယ်။

၁။ Jo Malone – Jo Loves Mandrine

Citrus နံ့လေးမွှေးတဲ့ဒီရေမွှေးလေးက စိတ်ကြည်နူးစရာကောင်းတဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားသလို ခံစားရစေမှာပါ။

၂။ Derek Lam 10 Crosby Silent St. Eau De Parfum

ဒီရေမွှေးကိုဖန်တီးတဲ့ Derek Lam က သူဒီရေမွှေးကိုဖန်တီးတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ကောင်မလေးတစ်ယောက် လမ်းလျှောက်လာနေတဲ့ပုံစံကို စိတ်ကူးယဉ်ပြီး ဖန်တီးခဲ့တာပါလို့ဆိုတဲ့အတွက် ပျိုတို့လည်း နွေနေပူပူနေ့လည်တစ်ခုမှာရေမွှေးလေးကို စွတ်ပြီးလျှောက်လည်မယ်ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေအပြည့်ရှိနေနိုင်မှာပါ။

၃။ Yves Saint Laurent Black Opium Floral Shock Eau De Parfum

Coffee ရနံ့ကိုမှ vanilla ရနံ့ရယ် orange blossom နဲ့ gardenia ရယ်ပေါင်းထားတဲ့ရနံ့လေးရှိတဲ့ ဒီရေမွှေးကတော့ နွေနေပူပူမှာလန်းဆန်းနေဖို့ အထောက်အကူပြုမှာပါ။

၄။ CK One Summer

နွေရာသီလို့စဉ်းစားလိုက်ရင် ကမ်းခြေတစ်ခုရဲ့ဘေး ဒန်းပုခက်လေးမှာ mojito လေးသောက်ပြီး chill နေရမယ်ဆိုရင်လုံးဝကို ပြီးပြည့်စုံတဲ့နွေရာသီ vacation လေးဖြစ်မှာပါ။ ဒီ vacation လေးသာ ရေမွှေးဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီ CK One Summer လေးပဲဖြစ်မှာ သေချာပါတယ်လို့ဆိုကြပါတယ်။

၅။ Marc Jacobs Rain

နွေပူပူမှာ အတောင်းတဆုံးတွေထဲကတစ်ခုကတော့ မိုးရေချိုးချင်တဲ့ဆန္ဒလည်းပါမှာပါ။ ဒီ fresh aqua type ရေမွှေးလေးက နွေရဲ့အပူကိုရေအေးလေးနဲ့ဖျန်းလိုက်သလို အေးမြစေမှာမို့လို့ ညွှန်းပေးလိုက်ရပါတယ်။

ပျိုတို့တွေလည်း နွေပူပူကို ဒီရေမွှေးလေးတွေနဲ့အတူ လန်းဆန်းစွာဖြတ်သန်းနိုင်ကြပါစေလို့ မျှော်လင့်ပြီး ဖော်ပြလိုက်ရပါတယ်နော်။

 

 

References : www.stylecraze.com

Photo references: www.joloves.com

www.marcjacobs.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password