အပြစ်အနာအဆာကင်းပြီး ကြည်လင်ဝင်းပတဲ့ အသားရေကို ပိုင်ဆိုင်ချင်ရင်တော့

မျက်နှာအသားရေကောင်းဖို့ရန်အတွက်ဆိုရန် အညစ်အကြေးတွေကိုသေချာသန့်စင်ပေးနိုင်ပြီး အရေပြားကိုဂရုစိုက်ပေးနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မျက်နှာအသားရေမကောင်းရင် အရမ်းကိုစိတ်ညစ်ရပါတယ်။ ဝက်ခြံတွေကအမျိုးမျိုး အနှောင့်အယှက်ပေးသလို အဆီပြန်ပြီး မိတ်ကပ်ကွက်လိုက် မိတ်ကပ်တွေပြေပြေပြစ်ပြစ်မဖြစ်လို့ အရမ်းကိုစိတ်ညစ်နေရမှာပါ။ နောက်တစ်ခုက အသားရေမညီညာဖြစ်ပြီး မိတ်ကပ်လိမ်းရတာ အဆင်မပြေတာမျိုးတွေပါ ဖြစ်တတ်ပါတယ်။ ဒါတွေအားလုံးကို အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ ဒါကတော့ Skin care မှန်မှန်လုပ်ပြီး အသားရေကို ပြုပြင်ထိန်းသိမ်းတာပဲ ဖြစ်ပါတယ်။

     

ဒီလိုအသားရေကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် Clinique က 3 Step skin care လေးအကြောင်းပြောချင်ပါတယ်။ ဒီ skin care set မှာ Cleanse, Exfoliate & Moisturize ရယ်ဆိုပြီး ၃မျိုး ပါဝင်ပါတယ်။ Step 1 အနေနဲ့ Cleanser လေးကတော့ Liquid Facial Soap ဆိုတဲ့ဟာလေးပဲ ဖြစ်ပါတယ်။ သူကတော့ အသားရေမှာ ပြင်ပကဝင်ရောက်လာတဲ့ ဖုံမှုန့်တွေ မိတ်ကပ်အညစ်ကြေးတွေကို အဓိကသန့်စင်ပေးမှာဖြစ်ပါတယ်။ Step 2 ကတော့ Clarifying Lotion2 ဆိုတဲ့ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ ဒါလေးကတော့ မျက်နှာအသားရေကို အသစ်တဖန်ပြန်လည်း ပြုပြင်ပေးနိုင်ပြီး နုပျိုတင်းရင်းစေကာ ပါးရေတွန့်ခြင်းနဲ့ အရွယ်မတိုင်ခင် အိုးမင်းရင့်ရော်ခြင်းများကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဆီပြန်တတ်တဲ့ သူတွေအတွက် အထူးသင့်လျော်စေပါတယ်။ နောက်ဆုံးအနေနဲ့ Step 3 ကတော့ Moisturizer ပဲဖြစ်ပါတယ်။ သူကတော့ မျက်နှာကို lotion ပုံစံလိမ်းပေးရတာဖြစ်ပါတယ်။ ရေဓာတ်ကို အဓိကလုပ်ဆောင်ပေးနိုင်ပြီး အသားအရေမညီခြင်းနဲ့ အရေပြားပျက်စီးခြင်း ယားယံခြင်းများကိုပါ မဖြစ်ပေါ်အောင် ထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။


သူတို့အားလုံးရဲ့ အားသာချက်တွေကို သိရှိပြီးပြီဆိုရင်တော့ အသုံးပြုပုံအနေနဲ့ ပထမဦးစွာ Cleanser နဲ့မျက်နှာအညစ်ကြေးတွေ သန့်စင်သွားအောင် မျက်နှာသစ်ပေးရပါမယ်။ ပြီးရင်တော့ Step 2 ဖြစ်တဲ့ Clarifying Lotion2 လေးကို လိမ်းပေးရပါမယ်။ နောက်ဆုံး Step 3 ကတော့ Moisturizer လိမ်းပေးရမှာ ဖြစ်ပါတယ်။ Step တွေအကုန်လုံး ပြီးသွားပြီဆိုရင်တော့ အားလုံးပြည့်စုံသွားပါပြီ။ မကြာခင်မှာ ဝက်ခြံကင်းပြီး စိုပြေနုပျိုဝင်းလဲ့တောက်ပတဲ့ အသားရေကို ပိုင်ဆိုင်ဖို့နိုင်တော့မယ်ဆိုတာ အသေချာပါပဲနော်။

 

Image Source :https://www.facebook.com/CliniqueMyanmar/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password