Clinique ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Acne Solutions™ Oil-Control Cleansing Mask

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက တခြားသူတွေထက် အသားအရေကို ပိုဂရုစိုက်ရတဲ့အပြင် skin care နဲ့ မိတ်ကပ် ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာလည်း အလွန်ဂရုစိုက်ရပါတယ်။ အဝယ်မှားခဲ့ရင် ဝက်ခြံတွေ အလွယ်တကူ ပေါက်လာနိုင်ပါတယ်။ အထူးသဖြင့် အနံ့အသက်ပါတဲ့ အလှကုန်ပစ္စည်းတွေကို သတိထားဝယ်ရပါမယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ သတိမထားတဲ့ ပြဿနာတစ်ခုရှိပါတယ်။ ဒါကတော့ မျက်နှစ်သစ်ဆပ်ပြာဝယ်တဲ့အခါမှာပါ။ ကျန်အလှအကုန်ပစ္စည်းတွေက မျက်နှာပေါ်မှာ တစ်နေကုန် ရှိနိုင်တာကြောင့် သတိထားဝယ်မိကြပါတယ်။ မျက်နှာသစ်ကတော့ မိနစ်အနည်းသာ အသုံးပြုရတာမို့ သတိမထားမိကြပါဘူး။ အလွယ်တကူ ဒါမှမဟုတ် ကြိုက်နှစ်သက်ရာကို ဝယ်ယူလိုက်ကြပါတယ်။

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ မျက်နှာသစ်ဆပ်ပြာကို အသားအရေနဲ့ မသင့်တော်ဘူးဆိုရင် မဝယ်သင့်ပါဘူးနော်။ မကိုက်ညီတာကို အသုံးပြုလိုက်မယ်ဆိုရင် ဝက်ခြံတွေနဲ့ အဆီဖုထွက်တဲ့ ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ မျက်နှာသစ်ဆပ်ပြာကို ပေါ့ပေါ့ဆဆ မသုံးသင့်ပါဘူး။


Skin care နဲ့ မိတ်ကပ် ပစ္စည်းတွေလိုပဲ မျက်နှာသစ်ဆပ်ပြာမှာလည်း အသားအရေအလိုက် ခွဲခြားထားပါတယ်။ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေ၊ ပေါင်းစပ်အသားရေနဲ့ အသားအရေအစုံ (For all skin type) ဆိုပြီး အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ရွေးချယ်ရတာလည်း အမျိုးအစား စုံစုံလင်လင် ရှိပါတယ်။ Clinique ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Acne Solutions™ Oil-Control Cleansing Mask ဟာဆိုရင် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သီးသန့်ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ Clay mask အမျိုးအစားဖြစ်တာကြောင့်လည်း အဆီတွေကို စုပ်ယူပါတယ်။ အနံ့အသက်မပါတာကြောင့် အသားအရေနဲ့ ဓါတ်မတည့်မှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ အသားအရေ ပျက်စီးထားသူတွေ ပုံမှန်အသုံးပြုပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာ ပြန်ပြီးသက်သာလာနိုင်ပါတယ်။ မျက်နှာအရေပြားရဲ့ PH level ကိုလည်း ထိန်းသိမ်းပေးထားပါတယ်။

ဒီ Oil-Control Cleansing Mask နဲ့ မျက်နှာသစ်ပြီးပြီးချင်း (၅)မိနစ်အတွင်းမှာပဲ မျက်နှာကြည်လာတာကို တွေ့မြင်ရပါတယ်။ နောက်ထပ်စိတ်ချရတဲ့ အားသာချက်ကတော့ အရေးပြားအထူးကု ဆရာဝန်ကြီးတွေကိုယ်တိုင်စစ်ဆေးထားပြီး ဖြစ်ကြောင်း အညွှန်းမှာ ဖော်ပြထားပါတယ်။ Alcohol ကို အခြေခံထားတာနဲ့ အစိုဓါတ် (moisturizers) ပါဝင်နှုန်းနည်းတာက Acne Solutions™ Oil-Control Cleansing Mask ရဲ့ အားနည်းချက်ဖြစ်ပါတယ်။
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ မျက်နှာသစ်ဆပ်ပြာ ဝယ်တဲ့အခါ တွေ့ရာဝယ်မသုံးမိဖို့ သတိထားပေးပါနော်။

 

 

Ref and Photo : www.beautypedia.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password