အရည်အသွေးကောင်းပြီး ဈေးနှုန်းသင့်တဲ့ clinique makeup remover

Clinique လို့ပြောလိုက်တာနဲ့ ဘယ်အရာကို ပြေးမြင်ကြလဲ။ DD gel ကို အရင်ပြေးမြင်တယ်မို့လား။ ဟုတ်ပါတယ်။ Clinique ရဲ့ နာမည်အကြီးဆုံး ပစ္စည်းက DD gel ပါ။ ပျိုမေတို့အတွက် အခု review တစ်ခုပြောပြချင်တာက clinique ကနေ ထုတ်ထားတဲ့ makeup remover လေးပါ။ သူကလည်း လူသိများတဲ့ makeup remover တွေထဲက တစ်ခုပါပဲ။ ဘယ်ပစ္စည်းမဆို အားသာချက်နဲ့ အားနည်းချက်တွေ ရှိပါတယ်။ ဒီလိုပါပဲ။ Clinique makeup remover မှာလည်း အကောင်းနဲ့ အဆိုး ဒွန်တွဲနေပါတယ်။

ပထမဆုံး Clinique makeup remover ရဲ့ အားသာချက်ကို အရင်ပြောပြပေးမယ်နော်။ သူ့ရဲ့ အားသာချက်က မိတ်ကပ်အပြင် eyeshadow  နဲ့ နှုတ်ခမ်းနီတွေကိုပါ တခါတည်း ပြောင်အောင် ဖျက်လို့ရတာပါ။ တချို့  makeup remover တွေက မိတ်ကပ်သီးသန့်ပဲ သန့်စင်ပေးတာပါ။ Eye shadow တို့ mascaras အတွက်တော့ နောက်ထပ် တစ်မျိုး ထပ်သုံးရတာပါ။ ဒီ clinique makeup remover က တစ်ခုတည်းနဲ့ အကုန်ဖျက်လို့ရတာ အားသာချက်တစ်ခုပါ။

 . 

နောက်အားသာချက် တစ်ခုကတော့ clinique ရဲ့ အစဉ်အလာတစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။ အဲဒါက makeup remover မှာ moisturizers နဲ့ serums ပါနေတာပါ။ ဒီ Clinique makeup remover လေးကို အသုံးပြုလိုက်မယ်ဆိုရင် မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ၊ eye shadowနဲ့ mascaras တွေ သန့်စင်သွားတဲ့အပြင် မျက်နှာအတွက်လည်း အစိုဓါတ်တခါတည်း ရသွားမှာပါ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ makeup remover တစ်ခုပါ။ အလုပ်မရှုပ်ချင်တဲ့ ပျိုမေတွေ ရွေးချယ်သင့်ပါတယ်။ ဈေးနှုန်းလည်းသင့်ပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းတစ်ခုပါ။

အားသာချက်ပြောပြီးပြီဆိုတော့ ဒီclinique makeup remover ရဲ့ အားနည်းချက်ကို ပြောပြပေးချင်ပါတယ်။ သူမှာ moisturizers တွေနဲ့ serums  တွေပါဝင်ပေမယ့်လည်း အသားအရေအမျိုးအစားတွေ အကုန်လုံးအတွက် အဆင်မပြေတာပါ။ ဒါကတော့ clinique ရဲ့ ထုံးစံလို့ပဲ ပြောလို့ရပါတယ်။ Clinique ရဲ့ DD gel  ဆိုရင်လည်း တည့်တဲ့သူတွေအတွက် အလွန်ကောင်းပြီး မတည့်တဲ့သူတွေမှာ ဝက်ခြံထွက်တာနဲ့ အဖုအပိန့်ထွက်တာတွေ ကြုံရပါတယ်။ ပထမအကြိမ်အသုံးပြုတဲ့အခါ အသားအရေနဲ့ အဆင်ပြေခြင်းရှိမရှိ သတိထားပေးပါနော်။ အဆင်ပြေတယ်ဆိုရင်တော့ စိတ်ချလက်ချ ဆက်ပြီးသုံးလို့ရနိုင်ပြီလေ။

ဒီလောက်ဆိုရင် clinique makeup remover ရဲ့ အကျိုးကျေးဇူးလေးတွေကိုလည်း ပျိုမေတို့ သိပြီးလောက်ပါပြီနော်။ ညအိပ်ယာဝင်ချိန်မှာ မိတ်ကပ်ကို ပြောင်အောင် ဖျက်ပေးဖို့ မမေ့ပါနဲ့နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password