COCO Game Center ဆိုပြီး ပြုလုပ်လိုက်တဲ့ CHANEL

CHANEL ဆိုတာကိုတော့ မိန်းကလေးတွေ သိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။ Fashion အလန်းစားတွေအပြင် Cosmetic တွေကိုပါ ထုတ်လုပ်လျှက်ရှိတဲ့ brand တစ်ခုလည်းဖြစ်ပါတယ်။ CHANEL ရဲ့ Cosmetic တွေကတော့ မိန်းကလေးအများစုကို အဆွဲဆောင်နိုင်ဆုံး ပစ္စည်းတွေဆိုလည်း မမှားပါဘူး။ အခုဆိုရင်တော့ CHANEL က သူ့ရဲ့အလှကုန်တွေနဲ့ ပတ်သက်တဲ့ COCO Game Center ဆိုပြီး ဖွင့်လှစ်လိုက်ပါတယ်။

ဒီ Game Center ကိုတော့ Tokyo နဲ့ Seoul မှာ ပြုလုပ်လိုက်ပြီးနောက် အခုဆိုရင် Singapore ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။  COCO Game Center  မှာပါဝင်တာတွေကတော့ အလှပနဲ့ပတ်သက်တဲ့ ဂိမ်းစက်ကြီးတွေ၊ Game Center တွေမှာ မြင်တွေ့နေကျဖြစ်တဲ့ အရုပ်ကောက်တဲ့ စက်ကြီးတွေလို အထဲမှာ CHANEL Cosmetic တွေထည့်ထားတာကို ကောက်ရတဲ့ စက်ကြီးတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေလည်း ပါဝင်ပါသေးတယ်။ 

ဒီ Game Center ကို စိတ်ဝင်စားလို့ သွားချင်တဲ့သူတွေကတော့ pre-register လုပ်ရမှာဖြစ်ပါတယ်။ COCO Game Center ကိုတော့ Singapore မှာ ၂၀၁၈ ဧပြီနောက်ဆုံးအပတ်လောက်မှာ ပြုလုပ်သွားမယ်လို့လည်း ပြောကြားထားပါတယ်။ 

#cocogamecenter

A post shared by Jena Wang (@jenawang0723) on

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password