ဝက်ခြံတွေကို ညတွင်းချင်းသက်သာစေမယ့် COSRX Acne Pimple Master Patch

ဝက်ခြံကြောင့်စိတ်ညစ်နေရတဲ့သူတွေအတွက် ခုတစ်လော ကိုရီးယား skincare ပရိသတ်တွေကြားမှာ နာမည်တော်တော်ကြီးနေတဲ့ COSRX brand ကနေထုတ်ထားတဲ့ Acne Pimple Master Patch လေးအကြောင်းကို ပျိုပျိုတို့ ကိုကိုတို့ မသိလိုက်မရှိရအောင်ပြောပြပေးမယ်နော်။

ဒီ patch လေးတွေက တစ်ထုပ်မှာ ဝက်ခြံကပ်တဲ့ပလာစတာပေါင်း ၂၄ခုပါဝင်ပါတယ်။ ဒီ patch လေးတွေက hydrocolloid နဲ့လုပ်ထားတာကြောင့် ဝက်ခြံဖြစ်တဲ့နေရာမှာကပ်ထားလိုက်ရင် ဝက်ခြံကိုဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ညတွင်းချင်းမှာပဲ ဝက်ခြံကိုသက်သာစေပါတယ်။ ဒါ့အပြင် blackhead နဲ့ whitehead တွေကိုလည်းသက်သာစေတာကြောင့် korea skincare ပရိသတ်တွေကြား နာမည်အရမ်းကြီးနေလည်း ဖြစ်ပါတယ်။

ဒီ patch လေးတွေကိုအသုံးပြုပုံကတော့ အိပ်ရာမဝင်ခင် မျက်နှာသစ်ပြီးသွားရင် ဝက်ခြံဖြစ်နေတဲ့နေရာပေါ်မှာ ဒီ acne patch လေးကိုကပ်ပေးလိုက်ရုံပါပဲ။ ဒီ patch လေးနဲ့ဝက်ခြံကြားမှာ ဘာ skincare မှလိမ်းစရာမလိုဘဲ ဒီ patch လေးကိုကပ်ပြီး အိပ်လိုက်ရုံနဲ့ မနက်မိုးလင်းလာရင် ပြားပြီးချပ်သွားတဲ့ ဝက်ခြံကို မြင်ရမှာဖြစ်ပါတယ်။

ဝက်ခြံဆိုတာ အမျိုးသား၊ အမျိုးသမီးတိုင်း မကင်းတာမို့ ဆောင်ထားသင့်တဲ့ ဒီ skincare item လေးအနေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်။ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း libra.myanmar ဆိုတဲ့ facebook page ကနေ official launch လုပ်နေပြီဖြစ်လို့ စမ်းသုံးချင်တဲ့သူတွေအတွက် ညွှန်းလိုက်ရပါတယ်နော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password