
ပျိုတို့ရေ ပါးနီက ကိုယ်ဆိုးလိုက်တဲ့ပုံစံပေါ်မူတည်ပြီး လူကိုပိုပြီးနုပျိုစေသလို ပိုပြီးဆွဲဆောင်မှုရှိတဲ့ပုံစံလည်းဖြစ်စေနိုင်တာမို့ ကိုယ်သွားရမယ့် နေရာပေါ်မူတည်ပြီး မတူညီတဲ့ ပုံစံလေးတွေကို ပါးနီတစ်မျိုးတည်းနဲ့ ဖန်တီးကြည့်ရအောင်လေ~
၁။ နေ့တိုင်း ထသွားထလာ ပုံစံ
ဒီပုံစံလေးကတော့ ပျိုတို့တော်တော်များများနဲ့ရင်းနှီးတဲ့ ပါးမို့တစ်ပြင်လုံးပေါ်မှာ လိမ်းတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ Apple Cheek လို့ခေါ်တဲ့ ဒီပုံလေးက လူကိုလည်း ပိုပြီးနုပျိုပြီးချစ်စရာကောင်းစေတဲ့ပုံလေးဖြစ်ပါတယ်။
၂။ အလုပ်ခွင်အတွက် ပုံစံ
တည်တည်ငြိမ်ငြိမ်နဲ့ရင့်ကျက်တဲ့ပုံစံမျိုးဆိုရင်တော့ ပါးနီကို ပါးရိုးကနေ နားထင်အထိဆွဲပြီး လိမ်းပေးနိုင်ပါတယ်။ Shading လိုပုံစံမျိုးနဲ့ အနီးစပ်ဆုံးတူတဲ့ ဒီလိမ်းနည်းက မျက်နှာကိုလည်း ပိုပြီးသွယ်လျစေပါတယ်။
၃။ Date လုပ်ဖို့ရှိတဲ့အခါအတွက် ပုံစံ
ကဲ ရင်တွေခုန်နေရမယ့် date အတွက် ဘယ်လိုလိမ်းရမလည်းဆိုတာပြောပြချင်ပါတယ်။ ပါးရိုးအလည်နားလောက်ကနေ နားထင်နားအထိ တြိဂံပုံစံလေးလိမ်းပေးလိုက်ရင် သဘာဝအတိုင်းရှက်သွေးဖြာနေတဲ့ပုံလေးကို ရစေမှာပါ။
၄။ သူငယ်ချင်းတွေနဲ့ hang out လုပ်မယ့် ပုံစံ
သူငယ်ချင်းတွေနဲ့ အပြင်သွားမယ့်အခါမျိုးမှာတော့ သဘာဝကျကျပုံစံလေးက အဆင်ပြေဆုံးပါပဲ။ ပါးနီကို မျက်လုံးအောက်နားနဲ့ ပါးရိုးအမြင့်ဆုံးနေရာတစ်ဝိုက်ကို ပါးပါးလေး လိမ်းပေးမယ်ဆိုရင် hang out လုပ်တဲ့အခါ group selfie တွေထဲ မလှမှာပူစရာမလိုတော့ပါဘူး။
၅။ ကမ်းခြေသွားတဲ့ ပုံစံ
ကမ်းခြေမှာ အပန်းဖြေရင်းနဲ့ ဓါတ်ပုံအလန်းလေးတွေရိုက်မယ်ဆိုရင်တော့ ပါးနီကို မျက်လုံးအောက်ဘက်တစ်ဝိုက်မှာ လိမ်းပေးပြီး sun-kissed skin ပုံစံလေးဖန်တီးနိုင်ပါတယ်။
၆။ လူကြီးတွေနဲ့ တွေ့ဖို့ရှိတဲ့အခါ လိမ်းသင့်တဲ့ ပုံစံ
လူကြီးတွေနဲ့တွေ့ရမယ့်အခါမှာ ပါးနီကိုရဲနေအောင်လိမ်းထားရင်တော့ အဆင်မပြေနိုင်ပါဘူး။ မျက်လုံးအောက်ဘက် ဘေးထောင့်နဲ့ နားထင်နားလေးကို ပါးနီ ပါးပါးလေးလိမ်းပြီး အပြစ်ကင်းတဲ့ပုံစံလေးနဲ့ လူကြီးတွေဆီက သဘောကျမှုကို ရစေနိုင်ပါတယ်။
image references : www.instagram.com