အဆီကျ အသားအရေလှ အူရှင်းရာမှာ ဆရာကြီးတစ်ဆူဖြစ်တဲ့ detox water ကိုကိုယ်တိုင်ပြုလုပ်ကြမယ်

အဆီတွေလည်းကျချင်တယ်။ အသားအရေလည်းလှချင်တယ် နှစ်ခုလုံးအဆင်ပြေတာမရှိဘူးလားဆိုတော့? 🙄🙄

သိပ်ရှိပါတယ် ဒါကတော့ detox water လေးပါ။🍓🍎🍋🥝🍉 အသီးအနှံတွေနဲ့ပဲအဓိကပြုလုပ်ထားလို့အူရှင်းရာမှာလည်းအထောက်အကူပေးတဲ့အပြင် ရေအစားထိုးသောက်ပေးရလို့ ရေဓါတ်ကိုလည်းပြည့်ဝစေတော့ ပိုလို့အဆင်ပြေတာပေါ့။  ပြုလုပ်ရတာလည်းရိုးရှင်းမြန်ဆန်တဲ့အပြင် အကျိုးသက်ရောက်မှုလည်းကောင်းမွန်လို့ detox water ပြုလုပ်နည်းလေးကို sharing လုပ်ပေးလိုက်ပါတယ်နော်။

လိုအပ်သောပစ္စည်းများ

ရေ အနည်းဆုံး ၁ လီတာထည့်ပါ။ မိမိတစ်နေ့သောက်တဲ့ပမာဏပေါ်မူတည်ပါတယ်။

🥒သခွားသီး တစ်လုံးကိုမထူမပါးအနေတော်လေးတွေလှီးထည့်ပါ။

🌿ပူစီနံရွက်အနည်းငယ်

☀ဂျင်းလက်တဆစ်

🍋သံပရာသီး သံပယိုသီး တစ်လုံးကို အနေတော်လှီးထည့်ပါ။

ကြိုက်နှစ်သက်ရာ အသီးအနှံ 🍓စတော်ဘယ်ရီ, 🍇စပျစ်သီး, 🍊လိမ္မော်သီး စတဲ့ အသီးအနှံတွေကို ထည့်နိုင်ပါတယ်။

ပြီးရင်တော့အကုန်လုံးကို ခွက်တစ်ခုထဲထည့်လိုက်ပြီး ရေစိမ်ထားလိုက်ပါ။ ခဏလောက်နေရင် သောက်လို့ရနိုင်ပြီပေါ့။

 

Detox water က အခုနောက်ပိုင်း လူသိလည်းများလာသလို သောက်တဲ့လူတွေလည်းများစွာရှိလာကြပါတယ်။ တစ်ပါတ်မှာ ၃ ရက်လောက်ကို ရက်ခြားပြီးသောက်ပေးပါ။  သူကရေအစားထိုးသောက်ပေးရတာဖြစ်လို့ သံပယိုသီးလို acid ပါတဲ့အသီးတွေက နေ့စဉ်အတွက်မသင့်လျော်ပါဘူး။ ❌❌❌အစာအိမ်ရှိတဲ့ သူတွေကိုတော့ လုံးဝ recommend မပေးပါဘူးနော်။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်းပြေစေပြီး အသားအရေကိုကြည်လင်လာစေပါတယ်။ 🙋‍♀️🙋‍♀️

⭕⭕အထူးသတိပြုရန်

တစ်ခုသတိထားရမှာကတော့ ရေခဲသေတ္တာထဲမှာ အချိန်ကြာကြာထားထားတဲ့ အသီးအနှံတွေမဟုတ်ဘဲ လတ်ဆတ်တဲ့အသီးတွေကိုသာရေသန့်စင်အောင်ဆေးပြီး အခွံမနွှာဘဲထည့်ဖို့ပါပဲ။

နောက်တစ်ခုကရေထဲစိမ်ထားရမှာဖြစ်တဲ့အတွက် ပျော့သွားနိုင်တဲ့ အသီးတွေ ဥပမာ ငှက်ပျောသီးလိုမျိုးအသီးတွေမထည့်သင့်ပါဘူးနော်။

စိမ်ထားတဲ့ရေကုန်သွားရင်အသီးတွေထပ်အသစ်လဲပေးစရာမလိုပဲ ရေပဲပြန်ထည့်ပေးဖို့လိုပါတယ်။

ဒီတော့ အိမ်မှာ အပျင်းပြေပဲဖြစ်ဖြစ်၊ ကျန်းမာရေးလိုက်စားတဲ့သူတွေပဲဖြစ်ဖြစ် အလွယ်တကူလိုက်လုပ်လို့ရတဲ့ detox water လေးကို ချစ်တို့ပိုလှစေချင်တဲ့ရည်ရွယ်ချက်နဲ့တင်ဆက်ပေးလိုက်ပါတယ်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password