အကျိုးသက်ရောက်တာခြင်း မတူညီတဲ့ ညလိမ်းခရင်မ် နဲ့ နေ့လိမ်းခရင်မ်

ပျိုမေတို့ နေ့စဉ်အသုံးပြုနေတဲ့ skincare ပစ္စည်းတွေထဲမှာ day cream နဲ့ night cream ဆိုပြီး ကွဲပြားနေတာကို သတိထားမိမှာပါ။ Night Cream နဲ့ Day Cream က သာမန်အတိုင်းကြည့်ရင် ဘာမှ မထူးခြားသလိုပါပဲ။ တကယ်တမ်းတော့ ထူးခြားပါတယ်။ ဒါကြောင့် night cream ကို နေ့ခင်းမှာ မလိမ်းသင့်သလို day cream ကိုလည်း ညအချိန်မှာ မလိမ်းသင့်ပါဘူး။ ပါဝင်တဲ့ ပစ္စည်းတွေ မတူညီတာကြောင့် မှန်မှန်ကန်ကန်ပဲ သုံးသင့်ပါတယ်။ ပျိုမေတို့အတွက် day cream နဲ့ night cream အကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော်။

Day Cream

  

Day Cream က အသားအရေထိခိုက်တာကို အဓိကထား ကူညီပေးပါတယ်။ Day Cream က ဘာနဲ့တူလဲဆိုတော့ moisturizer နဲ့ တူပါတယ်။ နေရောင်ကြောင့် အသားအရေတွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ အဓိကပါဝင်တဲ့ ပစ္စည်းတွေကလည်း နေရောင်ခြည်ကို ကာကွယ်တာပါ။ Anti-oxidant ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို နုပျိုစေပါတယ်။ Day Cream က အသားအရေ နေလောင်တာကို အပြည့်အဝ ကာကွယ်ပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေတွေ ခြောက်သွေ့မသွားအောင် အစိုဓာတ်ဖြည့်တင်းပေးပါတယ်။ Day Cream ရဲ့ အားသာချက်တွေကတော့ နေရောင်ခြည်ကြောင့် မျက်နှာအသားအရေ မဲတာနဲ့ လောင်တာတွေကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ အသားအရေခြောက်သွေ့တာ နည်းသွားပြီ အမြဲစိုပြေနေစေပါတယ်။

Night Cream

  

Night Cream မှာ anti-oxidant နဲ့ moisturizing တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အသားအရေပေါ်မှာရှိတဲ့ အစက်အပြောက်တွေကို သက်သာပျောက်ကင်းစေပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်တင်းပေးပြီး ပြန်လည်နုပျိုစေပါတယ်။ ဗီတာမင် C ၊ alpha hydroxy acids နဲ့ retinol တို့ပါဝင်တာကြောင့်အသားအရေရဲ့ အလွှာတွေကို ခိုင်ခံ့စေပါတယ်။ Night Cream ရဲ့ အကျိုးရလာဒ်က အံ့မခန်းပါပဲ။ အသားအရေချော့မွေ့ပြီး အမဲစက်နဲ့ ဝတ်ခြံတွေ ကင်းဝေးစေပါတယ်။ ဝက်ခြံတွေကြောင့် မျက်နှာမှာ အမာရွတ်တွေများနေတယ်ဆိုရင် ညအိပ်ချိန်မှာ night cream လိမ်းပေးပါ။ ညအိပ်ခါနီးမှာ မိတ်ကပ်ဖျက်တာနဲ့ မျက်နှာသစ်တာကို ပြုလုပ်ပြီး တိုနာအသုံးပြုပါ။ တိုနာအသုံးပြုပြီးပြီ ဆိုရင်တော့ night cream လိမ်းပေးပါ။ တိုနာမသုံးခြင်ဘူးဆိုရင်လည်း မျက်နှာသစ်ပြီးတာနဲ့ night cream တန်းလိမ်းလို့ ရပါတယ်။

Night Cream နဲ့ Day Cream နှစ်မျိုးစလုံးက ကွဲပြားတဲ့ ခြားနားချက်နဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ Night Cream က ပျိုမေတို့ အိပ်မှ စတင် အလုပ်လုပ်ပါတယ်။ ဘာကြောင့် အိပ်မှ အလုပ်လုပ်တာလဲ။ အိပ်မှသာ night cream က အရေပြားကို ထိုးဖောက်ဖို့ အားသာချက်ရှိသလို အကျိုးသက်ရောက်ဖို့လည်း ပိုပြီးအထောက်အကူပြုပါတယ်။

ပျိုမေတို့ရေ Night Cream နဲ့ Day Cream က အကျိုးရလာဒ်ခြင်း မတူညီတာကြောင့် မှန်မှန်ကန်ကန် လိမ်းပေးဖို့ ပြောပြပေးလိုက်တယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password