Eyeshadow တစ်မျိုးထဲနဲ့ ဘက်စုံသုံးကြည့်ကြမယ်

ပျိုတို့ရေ Eyeshadow လေးတွေက မျက်ဝန်းလေးတွေလှစေဖို့ အရေးပါတဲ့ makeup item တစ်ခုဆိုတာကိုသိပြီးသားဖြစ်မှာပါ။ ဒါဆိုရင် အဲဒီ Eyeshadow လေးတွေကိုသုံးပြီး အလှဆင်နိုင်တဲ့ နောက်ထပ်နည်းလမ်းတွေရှိသေးတယ်ဆိုတာကို လက်တို့ပေးချင်ပါတယ်နော်။။

ပထမနည်းလမ်းကတော့ Eyeshadow နဲ့ Clear Mascara ကိုသုံးပြီး မျက်တောင်လေးတွေကို အလှဆင်နိုင်တဲ့နည်းလမ်းလေးပါ။ ကိုယ်လိုချင်တဲ့အရောင်ရှိတဲ့ Eyeshadow လေးကို တုတ်လေးနဲ့နည်းနည်းကလော်ပြီး ရလာတဲ့ Eyeshadow အမှုန့်လေးတွေကို Clear Mascara လေးနဲ့ရောပြီး မျက်တော်ကိုသေချာကော့ပေးမယ်ဆိုရင် ပျိုတို့ရဲ့ မျက်တောင်လေးတွေကို ရှည်လျားစေတဲ့အပြင် အရောင်လေးလဲဆိုးပေးသလိုဖြစ်တာကြောင့် အများနဲ့မတူဘဲလှနေမှာ အသေအချာပါပဲ။

ဒုတိယနည်းလမ်းကတော့ Eyeshadow အညိုရောင် shades တွေကို contour လုပ်ဖို့ အသုံးပြုတာပါ။ ဒီနည်းလမ်းလေးအတွက်ဆိုရင်လည်း ခုနကလိုပဲ ကိုယ်လိုချင်တဲ့ shadeရှိတဲ့ brown shadow လေးကို အမှုန့်လေးတွေရအောင်နည်းနည်းယူပြီး foundation နဲ့ရောလိုက်မယ်ဆိုရင် contourလုပ်လို့ရပါတယ်။ ဒီနည်းလမ်းလေးမှာ သတိထားရမှာကတော့ အညိုရောင် shade ရွေးတဲ့အခါမှာ အရမ်းကြီးမည်းတာကိုရွေးမိရင်တော့ သေချာblend ပြန်လုပ်ပေးဖို့လိုတာပါပဲ။

နောက်ထပ်နည်းလမ်းလေးတစ်ခုကတော့ Eyeshadow ကို Temporary Hair Chalk လိုအသုံးပြုနိုင်တဲ့နည်းလေးပါ။   ဒီနည်းလေးအတွက်ကတော့ cream eyeshadow လေးကိုသုံးရပါမယ်။ Cream Eyeshadow လေးကို ကိုယ်လိုချင်တဲ့အရောင်ရွေးပြီး ဆံပင်အဖျားလေးတွေကိုတစ်ပိုင်းချင်းစီခွဲပြီး ဆိုးပေးနိုင်ပါတယ်။အရောင်ကိုပိုပြီးကြာရှည်ခံစေဖို့အတွက်ကတော့ တစ်ပိုင်းကိုဆိုးပြီးတိုင်း အဲဒီနေရာကို hair spray နဲ့ဖြန်းပေးဖို့ပါပဲ။ ဒီလိုဆိုရင်တော့ ၂ရက် ၃ရက်လောက်အထိခံပြီး ဆံပင်ကိုလည်း မပျက်ဆီးစေတဲ့ temporary hair dye လေးကိုရနိုင်ပါပြီနော်။

အခုဖော်ပြပေးလိုက်တဲ့နည်းလမ်းသစ်လေးတွေက စိတ်ဝင်စားဖို့လည်းကောင်းတာကြောင့် ဒီနည်းလေးတွေကိုသုံးပြီး ပျိုတို့လည်း အပျင်းလည်းပြေ အလှလည်းတိုးနိုင်ကြပါစေရှင်။

 

 

 

 

 

References : www.allure.com

Photo references :pxhere.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password