
ကြည်လင် တောက်ပနေဖို့အတွက် ဆိုရင်တော့ အာဖြည့်ပေးစေနိုင်တဲ့ ဖြည့်စွက်အရာတွေ ပါဝင်တာမျိုးကို ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။ အခု တစ်ခါတော့ Cosmetic Myanmar က ပျိုမေလေးတို့အတွက် အမိုက်စား Lip Balm လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Glow ပါဝင်တဲ့ DIOR LIP GLOW ဆိုတဲ့ Dior က ထုတ်လုပ်လိုက်တဲ့ Balm လေးပါ။ နှုတ်ခမ်းသားလေးတွေကို စိုစိုအိအိလေး ဖြစ်စေတာကြောင့် ဆောင်းတွင်းမှာ ရာသီဥတုကြောင့် နှုတ်ခမ်းခြောက်ပြီး အက်ကွဲလာတာမျိုးကို စိတ်ပူနေစရာ မလိုတော့ပါဘူး။
ထုတ်လုပ်တဲ့အချိန်မှာလည်း Dior ရဲ့ ထုတ်ကုန်တွေလိုမျိုး နောက်ခံနည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒီ DIOR LIP GLOW ရဲ့ အားသာချက်ကတော့ နှစ်ခု ပါဝင်ပါတယ်။
တစ်ခုက Lip Balm အနေနဲ့ အသုံးပြုလို့ရတာပဲ ဖြစ်ပါတယ်။ အရောင်နုနုလေးတွေကို အောက်ခံ အနေနဲ့ စိုစိုလေး ဆိုးလိုက်ပြီးမှ အပေါ်က တခြား မိမိနှစ်သက်ရာ နှုတ်ခမ်းနီ အမျိုးအစားကို ထပ်ဆိုးပေးလိုက်လို့ ရပါတယ်။ Balm မှာ ပါဝင်တဲ့ နှုတ်ခမ်းသားတွေကို အားဖြည့်ပေးစေနိုင်တဲ့အရာတွေကြောင့် နှုတ်ခမ်းသားလေးတွေက စိုပြေပြီး အိစက်နေမှာပဲ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ သူ့ချည်းပဲ အသုံးပြုလို့ ရတာမျိုးပါ။ အခုခေတ်မှာ ကိုးရီးယား မင်းသမီးလေးတွေလို နှုတ်ခမ်းနီကို အရောင်တောက်တာမျိုး ရွေးချယ်တာထက် သဘာဝဆန်တဲ့အရောင်နုနုလေးတွေကိုမှ နှုတ်ခမ်းနဲ့ တစ်သားတည်း ဖြစ်ပြီး စိုစိုလေး ဖြစ်နေတာမျိုး လိုချင်တယ် ဆိုရင်တော့ ဒီ Dior Lip Glow လေးက အသင့်တော်ဆုံးပါ။
အရောင်တွေ အနေနဲ့ ရွေးချယ်စရာကလည်း ၁၁ ရောင်တောင် ရှိတာကြောင့် သဘောကျတဲ့အရောင် မရှိမှာ စိုးရိမ်စရာ မလိုတော့ပါဘူးနော်။ မိမိ စိတ်တိုင်းကျ အရောင်လေးတွေကို ရွေးချယ်လိုက်ပြီး နှုတ်ခမ်းနီ တစ်တောင့်ရှိရုံနဲ့ နှစ်မျိုး အသုံးပြုလို့ရတာမျိုးကို ရယူလိုက်ပါနော်။