မိန်းကလေးတိုင်းကို စွဲမက်စေမယ့် အရောင်နဲ့ ROUGE DIOR ULTRA ROUGE

Dior က ထုတ်လုပ်ထားတဲ့ မိန်းကလေးတိုင်း အသည်းစွဲမက်စေနိုင်မယ့် နှုတ်ခမ်းနီလေး တစ်ချောင်းနဲ့ Cosmetic Myanmar က မိတ်ဆက်ပေးချင်ပါတယ်။ မိန်းကလေးနဲ့ နှုတ်ခမ်းနီနဲ့ ဆိုတာက ခွဲခြားလို့ မရနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ အလှမကြိုက်တဲ့ မိန်းကလေးတွေတောင်မှ နှုတ်ခမ်းနီရဲ့ အလှကို ရှောင်ရှားဖို့ ခက်ခဲပါတယ်။

နှုတ်ခမ်းတစ်စုံရဲ အလှအပ အတွက်ကတော့ အများကြီး မလိုအပ်ပါဘူး။ နဂို ရှိရင်းစွဲ အလှတွေကို ထပ်မံ ဖြည့်တင်းပေးနိုင်မယ့် နှုတ်ခမ်းနီလေး တစ်ချောင်းပဲ လိုအပ်တာပါ ။

Matte ပုံစံ ထုတ်လုပ်ထားပြီး ရေဓါတ် ဖြည့်ပေးတဲ့နှုတ်ခမ်းနီ ဖြစ်တာကြောင့် နှုတ်ခမ်းသားတွေ ခြောက်သွေ့ အက်ကွဲတာတွေကို မဖြစ်ပေါ်စေနိုင်သလို တာရှည်ခံတဲ့နည်းကို အသုံးပြုပေးထားတာကြောင့် တစ်ခါ ဆိုးထားရင် အချိန်တွေ အကြာကြီး အဆိုးခံတဲ့အမျိုးအစားတွေ အထဲက တစ်ခုပါ။

ရွေးချယ်စရာ အရောင်တွေကတော့ (၂၆) ရောင် ရှိတဲ့အတွက် ကိုယ်သဘောကျတဲ့အရောင်မျိုးကို အနု အရင့် အလယ် အလတ်ကို စိတ်တိုင်းကျ ရွေးချယ်လိုက်နိုင်ပါတယ်။ အရောင်တွေမှာတော့ အနီရောင် အုပ်စုထဲမှာပါတဲ့အရောင်တွေကို အများဆုံး ရွေးချယ်နိုင်အောင် ပြုလုပ်ထားပါတယ်။ အနီရောင် အရောင်ကွဲလေးတွေ အများဆုံးကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ROUGE DIOR ULTRA ROUGE ကို သိကို သိမှ ဖြစ်မှာပါနော်။

Dior ရဲ့ ROUGE DIOR ULTRA ROUGE လို့ နာမည်ပေးထားတဲ့နှုတ်ခမ်းနီ အနီရောင် စိုပြေနေတဲ့ ခပ်တောက်တောက်လေးကို ရယူလိုက်ပြီး နှင်းဆီပွင့်လေးလို ဖူးငုံ လှပပြီး မြင်သူတိုင်း လည်ပြန်ငေးရနိုင်တဲ့ စွဲမက်စရာ နှုတ်ခမ်းလေး တစ်စုံကို ဖန်တီးလိုက်နိုင်ဖို့ ရယူလိုက်ပါနော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password