အိမ်မှာတင်ပြုလုပ်နိုင်တဲ့ DIY facial spray လေးတွေအကြောင်းတစ်စေ့တစ်စောင်း

ယောင်းယောင်းတို့ရေ DIY ဆိုတာက နိုင်ငံခြားက beauty bloggers တွေကြားမှာ ရေပန်းစားပါတယ်။ သူကတော့ မိမိအိမ်မှာတင်ငွေကုန်ကြေးကျသက်သာစွာနဲ့အလွယ်ပြုလုပ်လို့ရတဲ့  ပစ္စည်းလေးတွေပါ။ ကဲ ဒီတော့ ဘယ်လိုမျိုးလေးတွေကိုကိုယ်တိုင်ပြုလုပ်ကြမလဲ ကြည့်လိုက်ရအောင်။ ဒီ spray လေးတွေကိုလုပ်ဖို့အတွက် သပ်သပ်လိုအပ်တာကတော့ spray ဘူးခွံလေးတစ်ခုပဲ လိုပါတယ်။

သခွားသီး facial spray

သခွားသီးဆိုတာကတော့ ရေဓါတ်ကိုပြည့်ဝစေပြီး အသားရေကိုအေးမြလန်းဆန်းစေတဲ့နေရာမှာဆရာကြီးပါ။ ဒီလိုအသားရေကိုကောင်းမွန်စေတဲ့ အသီးအနှံကို အမြဲတမ်းကိုယ်နဲ့မကွာ spray လေးလုပ်ပြီးသယ်ယူသွားနိုင်အောင် ပြုလုပ်နည်းလေးကို ပြောပြပေးမယ်နော်။ အရင်ဆုံးသခွားသီးတစ်လုံးကို အနေတော်လေးတွေလှီးလိုက်ပါ။ ပြီးရင် blender ထဲထည့်ပြီးချေလိုက်ပါ။ ရလာတဲ့အနှစ်တွေကိုဇကာနဲ့စစ်ချပြီး အရည်ကြည်ကိုယူပါ။ sprayဘူးအလွတ်ထဲမှာ သိမ်းပြီးရေခဲသေတ္တာထဲထည့်ထားပါ။ အသားရေခြောက်သွေ့တဲ့အချိန်တိုင်း သို့  ညအိပ်ရာဝင်ခါနီးတိုင်းထုတ်ဖြန်းနိုင်ပြီလေ။ အချိန်လဲမကုန် ငွေကုန်ကြေးကျသက်သာတဲ့အပြင်အသားရေကိုပါကောင်းမွန်စေတော့ ဘာလိုသေးလဲ? ပုံမှန်ဖြန်းပေးရင်အသားရေကိုရေဓါတ်ပြည့်ဝစေရုံတင်မကဘဲ ကြည်လင်လာစေပါတယ်။ အမည်းစက်တွေကို မှေးမှိန်လာစေတာလေးကတော့ bonus ပေါ့။

Rose water facial spray

နှင်းဆီပန်းနဲ့ပြုလုပ်ထားတဲ့ spray လေးပါ။ နှင်းဆီဆိုတာကတော့ အသားရေတွက်ကောင်းကျိုးတွေအများကြီးရှိတဲ့ သဘာဝရဲ့ဆေးတစ်ခုလို့တောင်ပြောလို့ရပါတယ်။နောက်ပိုင်းမှာ skin care တွေထဲမှာတောင်နှင်းဆီကိုထည့်သွင်းအသုံးပြုမှုတွေအများကြီးရှိနေပါပြီ။ အဲ့လိုနှင်းဆီကို spray လေးလုပ်ပြီး toner အနေနဲ့ပဲသုံးသုံး အသားရေကိုထိန်းသိမ်းချင်ရင်ပဲဖြစ်ဖြစ် အသုံးပြုနိုင်တာပေါ့။ အရင်ဆုံးနှင်းဆီပွင့်ဖတ်လေးတွေကိုခြွေပြီး ခွက်တစ်ခုထဲမှာ ရေသန့်ထည့်ပြီး နှင်းဆီပန်းဖတ်တွေနွမ်းသွားတဲ့အထိ အပူပေးလိုက်ပါ။ ရလာတဲ့ အရည်ကို အအေးခံပြီး spray ဘူးအလွတ်ထဲထည့်ပြီး ရွှီးရွှီးပေ့ါ။ သူရဲ့ကောင်းကျိုးတွေက အသားရေမှာ ရှိသင့်တဲ့ pH level ကိုထိန်းညှိပေးတာကြောင့် toner လိုသုံးဖို့အဆင်ပြေပါတယ်။ အရေပြားကိုချောမွေ့စေပြီး အရေးကြောင်းဖြစ်မှုကိုနှေးကွေးစေပါတယ်။ နှင်းဆီမှာ ပါဝင်တဲ့အာနိသင်ကအရေပြားအတွက်အပျော့စားဖြစ်လို့ sensitive သမားတွေအတွက်သင့်လျော်ပါတယ်။

 

Green Tea Facial Spray

ဒါလေးကတော့ green tea အထုပ်လေးတွေနဲ့ပြုလုပ်နိုင်တဲ့ spray လေးပါ။ Green tea အထုပ်လေးကို ပုံမှန်သောက်နေကြအတိုင်း ရေနွေးထဲထည့်စိမ်ပြီး ရလာတဲ့အရည်တွေကိုအအေးခံပြီး  spray ဘူးအလွတ်ထဲမှာ သိမ်းထားပြီးလိုသလိုဖြန်းနိုင်ပါပြီ။Green tea က အသားအရေရောင်ရမ်းမှုကိုလျော့ကျစေပြီး နေရောင်ခြည်ဒဏ်ကိုကာကွယ်ပေးနိုင်ပါတယ်။မျက်ဝန်းတစ်ဝိုက်ကို cotton pads လေးတွေနဲ့ အုပ်ပြီးကပ်ပေးရင်လည်းမျက်ဝန်းသားကိုကြည်စေပြီးအေးမြစေပါတယ်။

 

 

ကဲကဲ ဒီလောက်ဆိုရင်တော့ ပျိုမေလေးတို့ မိမိနဲ့ သင့်လျော်တဲ့ spray လေးကို အိမ်မှာတင် DIY လေးလုပ်လို့ရပြီပေါ့နော်။ Spray လေးတစ်ချက်ဖြန်းလိုက်တိုင်း အလှတွေပိုတိုးပြီးစိတ်ပျိုကိုယ်နုနိုင်ကြပါစေနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password