သူ့ video တွေကြည့်ပြီးရင် ဝိုးကနဲ မပြောနိုင်လောက်အောင်ကို ဖြစ်သွားမယ်

အလှအပကြိုက်တဲ့အချစ်တို့က မိတ်ကပ်လေးတွေလိမ်းရတာလည်းကြိုက်တယ် ပစ္စည်းတွေဝယ်ရတာလည်း ချစ်တယ် ပြီးတော့ မိတ်ကပ် video လေးတွေကြည့်ရတာလည်း နှစ်သက်တယ်ဆိုတာသိနေတယ်လေ။ အပျင်းပြေပဲကြည့်ကြည့် အပျော်ပဲကြည့်ကြည့် ဝါဿနာပါလို့ပဲကြည့်ကြည့် စိတ်ဝင်စားစရာတော့ကောင်းတယ်နော်။ တစ်ခါတစ်လေအဲ့ဒါတွေကြည့်ကြည့်ပြီး ထထပြင်တာ ဟိဟိ။ တစ်ချို့တွေဆိုကိုယ်ကြိုက်တဲ့ blogger တွေ artist တွေရဲ့နာမည်ကို အလွတ်တောင်ရတဲ့အပြင် သူမှသူဖြစ်ပြီးတော့အသစ်ထွက်တာလေးတွေတောင်စောင့်ကြည့်ရလောက်တဲ့အထိ ဖြစ်သွားကုန်ကြတာ။ သူ့အကြိုက်နဲ့သူပေါ့နော်။ တစ်ချို့တွေကျတော့ ပစ္စည်းအသစ်တွေကို review ပေးတယ် သုံးပြတယ် ပြင်ပြတယ်ပေါ့နော်။ တစ်ချို့ကြတော့ တကယ့်ကို အကြမ်းကြီးတွေ ကာတွန်းကားတွေထဲက ဇာတ်ကောင်တွေ ရုပ်ရှင်တွေထဲက ဇာတ်ရုပ်တွေကို တူအောင်ပြင်ပြတာတွေကကြည့်လို့လည်းကောင်းသလို တကယ်လည်း တူပါတယ်။ မင်မင်သဘောကျနေတဲ့ artist လေးကိုလည်း ပြောပြချင်လို့

သူလေးကတော့ Dope2111 ဆိုပြီး youtube မှာ ၅ သန်းကျော်followers ရှိတဲ့ ကောင်မလေးပါ။ သူကအရမ်းကြီးလှလားဆိုတော့ မလှပါဘူး။ ဒါပေမယ့်သူ့လက်နဲ့ပြင်လိုက်ရင် တကယ့်ကို နတ်သမီးလေးလည်းဖြစ်သွားတယ်။ ပြီးတော့ ရုပ်ဆိုးဆိုးကြီးတွေလည်းလုပ်ပြနိုင်တယ်လေ။ အရမ်းအရမ်းကို မိုက်တာနော်။ ပုံလေးတွေကိုပဲကြည့်လိုက်တော့နော်။ ရှည်ရှည်ဝေးဝေးတွေပြောမနေတော့ဘူး။

  

Barbie Doll make up နဲ့ Bad Plastic Surgery make up

   

Frozen make up >>>>>>> Red Queen make up

   

look တစ်ခုနဲ့တစ်ခု မတူအောင်ပြင်နိုင်တဲ့ စကေးကတော့တကယ်ကိုလက်ဖျားခါပါတယ်နော်။

အကြမ်းကြီးတွေနော်။ မကြွေပဲကို မနေနိုင်အောင်လုပ်ချလိုက်တာကတော့ သူလေးပါပဲ။ အချစ်တို့လည်း အားရင်သူ့ video လေးတွေကို အားပေးလိုက်ကြဉီးနော်။

ဒါလေးကတော့ သူလေးရဲ့ IG အကောင့်လေးပါနော်။ ဝင်စပ်စုလိုက်ကြဉီးနော်။ Bonus အနေနဲ့ video လေးပါထည့်ပေးလိုက်တယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password