Shake & Shot Rubber Mask လေးများနဲ့ ကျန်းမာစိုပြေတဲ့မျက်နှာလေး ဖန်တီးကြရအောင်..

ပျိုမေတို့ရေ ဒီတစ်ခေါက်တော့ အသားအရေ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာတစ်ခု အပါအဝင်ဖြစ်တဲ့ Mask Series လေးတစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။ အဲဒီ Mask Series လေးက Dr.Jart+ အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ Shake & Shot Rubber Masks ဆိုတဲ့ Masks လေးများပဲ ဖြစ်ပါတယ်။

သူ့မှာ အမျိုးအစား၄မျိုး ရှိပါတယ်။ အဲဒီအမျိုးအစား၄မျိုးရဲ့နာမည်တွေကတော့ Shake & Shot Rubber Soothing Mask, Shake & Shot Rubber Hydro Mask, Shake & Shot Rubber Firming Mask နဲ့ Shake & Shot Rubber Brightening Mask တို့ပဲ ဖြစ်ပါတယ်။ တစ်ခုချင်းစီရဲ့အာနိသင် အကျိုးကျေးဇူးလေးတွေကို အောက်မှာကြည့်လိုက်ကြပါစို့နော်။

၁။ Shake & Shot Rubber Soothing Mask (ခရမ်းရောင်)

ကျန်းမာပြီး စိုပြေတဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ဖို့ဆို ဒီ Mask လေးက သင့်တော်ပါတယ်။ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်တားဆီးပေးပြီး Vitamin K3 ပါဝင်တာကြောင့် အသားအရေနီမြန်းခြင်းကို လျော့နည်းသက်သာစေပါတယ်။ ဒါ့အပြင် အမည်းစက်များကိုလည်း ဖယ်ရှားရှင်းလင်းပေးပါသေးတယ်။

၂။ Shake & Shot Rubber Hydro Mask (အဝါရောင်)

ဒီ Mask လေးကတော့ မျက်နှာပြင်အသားအရေလေးကို ရေဓာတ်ဖြည့်တင်းပေးနိုင်လို့ အသားအရေခြောက်သွေ့ခြင်း ကင်းဝေးစေနိုင်ပါတယ်။ Vitamin B5 နဲ့ Amino acids ပြည့်ဝစွာ ပါဝင်တဲ့ Expert Moist Complex တို့ရဲ့ပေါင်းစပ်မှုက အသားအရေကို အားအင်ဖြည့်တင်းပေးပြီး စိုပြေလှပစေပါတယ်။ ဒီထက်မကသေးဘဲ အသားအရေနီမြန်းခြင်း၊ အရေးအကြောင်းများနဲ့ အသားအရေတွန့်လိပ်ခြင်းများကိုလည်း တားဆီကာကွယ်ပေးနိုင်ပါတယ်။

၃။ Shot Rubber Hydro Mask, Shake (လိမ္မော်ရောင်)

ဒီ Mask လေးရဲ့ အဓိကအကျိုးကျေးဇူးများကတော့ အရေးအကြောင်းများနဲ့ အသားအရေတွန့်လိပ်ခြင်းများကိုလည်း တားဆီကာကွယ်ပေးခြင်း၊ အသားအရေလျော့ရဲခြင်းကို မဖြစ်စေဘဲ တင်းရင်းစေခြင်းနဲ့ အသားအရေမွဲခြောက်ခြင်း၊ အသားအရေမညီမညာဖြစ်ခြင်းတွေကို ကူညီညှိနှိုင်းပေးပါတယ်။ Vitamin A နှင့် OxyForce™ Cellular Active တို့ရဲ့ပေါင်းစပ်မှုက သဘာဝ collagen ကို ကူညီပံ့ပိုးပေးပြီး အသားအရေလျော့ရဲမှုပုံပေါ်ခြင်းကို ကင်းဝေးပြီး တင်းရင်းလှပစေပါတယ်။

၄။ Shake & Shot Rubber Brightening Mask (စိမ်းပြာရောင်)

ဒီ Mask လေးရဲ့ အဓိကပါဝင်ပစ္စည်းများဖြစ်တဲ့ Vitamin C နဲ့ ဗီတာမင်ဓာတ် ပြည့်ဝစွာ ပါဝင်တဲ့ အသီးမှ ထုတ်ယူတဲ့အဆီများဟာ မွဲခြောက်တဲ့အသားအရေကို စိုပြေလှပစေပါတယ်။ ဒါအပြင် အသားအရေမညီညာခြင်း၊ အမည်းစက်များနဲ့ အပြစ်အနာအဆာများ ဖယ်ရှားရှင်းလင်းပေးပါတယ်။

ဒီ Mask လေးတွေ အားလုံးကို Dr.Jart+ က အဆင့်မြင့် ကိုရီးယား Spa များမှ အသုံးပြုတဲ့ rubber mask နည်းစနစ်နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Cream-to-sheet formula က ရိုးရိုး sheet mask တစ်ခုထက်ပိုပြီး အသားအရေအတွင်းကို နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်စေကာ မြင့်မားတဲ့အာနိသင်ကို ပေးစွမ်းပါတယ်။ အသားအရေကို ပျက်ဆီးစေတဲ့ Parabens, Sulfates နဲ့ Phthalates များ မပါဝင်ဘဲ ထုတ်လုပ်ထားတာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်။

 

 

 

Image Source – http://us.drjart.com

https://web.facebook.com/DrJart/

https://www.instagram.com/drjart/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password