ခြေဖျား လက်ဖျားတွေ အေးစက်ပြီး ချမ်းစိမ့်စိမ့်ဖြစ်နေမယ်ဆိုရင် ဒီလက်ဖက်ရည်တွေကို သောက်ပေးပါ

ရာသီဥတု အပြောင်းအလဲတွေမှာ နေထိုင်မကောင်း ဖြစ်တတ်ပါတယ်။ နေမကောင်းတာလည်း မဟုတ် နေကောင်းတာလည်း မဟုတ်ဘဲ နုန်းချွေပြီး ခြေဖျား လက်ဖျားတွေ အေးစက်နေတာမျိုး ခံစားရတတ်ပါတယ်။ ကိုယ်တွင်း အပူချိန် ကျဆင်းပြီး ချမ်းစိမ့်စိမ့် ဖြစ်နေတာမျိုးတွေကို ခံစားနေရမယ်ဆိုရင် အခု ပြောပြပေးမယ့် လက်ဖက်ရည်တွေကို သောက်သုံးပေးတာကတော့ ကိုယ်တွင်းအပူချိန်ကို ပုံမှတ်အတိုင်း ပြန်ဖြစ်စေနိုင်ပါတယ်။

ဂျင်းလက်ဖက်ရည်
ဂျင်းကတော့ ဆေးဖက်ဝင်လှတဲ့အရာပဲ ဖြစ်ပါတယ်။ ဆေးနည်းတွေ အများစုမှာဆိုရင် ဂျင်းက မပါမဖြစ်ပါပဲ။ လက်ဖက်ရည်ပူပူမှာမှ ဂျင်းလက်ဖက်ရည်ကို ရွေးချယ်သောက်သုံးပေးပါ။ ကိုယ်တွင်း အပူချိန်တွေကို ပြန်တိုးလာစေနိုင်သလို ချွေးတွေ ထွက်လာစေပြီး နေရတာ ပေါ့ပါးသွားစေနိုင်ပါတယ်။ အစာအိမ်ရဲ့ အစာခြေစနစ်ကိုလည်းအကောင်းဆုံး အထောက်အပံ့ပေးနိုင်သေးတာမို့လို့ အစာမကြေဖြစ်တာနဲ့ အစာ စားပြီးလို့ မအီမသာဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါသေးတယ်။

လက်ဖက်စိမ်း လက်ဖက်ရည်
လက်ဖက်စိမ်းကတော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးလက်ဖက်ရည် အမျိုးအစား တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်ကို သောက်သုံးပေးတာကတော့ ကိုယ်ခံအားကို ပိုပြီး ကောင်းမွန်စေသလို ရောဂါပိုးဝင်တာနဲ့ မကောင်းတဲ့ဗိုင်းရပ်တွေ ကူးစက်ခံရတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်ကတော့ မှတ်ဉာဏ် စွမ်းအားကို တိုးမြှင့်ပေးနိုင်တဲ့အတွက် မေ့လွယ်တတ်တဲ့သူတွေအတွက် သောက်သုံးပေးဖို့ အသင့်တော်ဆုံး လက်ဖက်ရည်ပါ။

ယူကလစ် လက်ဖက်ရည်
ယူကလစ် ဆိုတာကတော့ အအေးပတ်တာကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ယူကလစ် လက်ဖက်ရည်ကတော့ ဖျားနာခြင်း၊ အအေးပတ်ခြင်းနဲ့ နေထိုင်မကောင်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ နေထိုင်မကောင်းချင်သလို ဖြစ်ပြီး ချမ်းစိမ့်စိမ့်ဖြစ်လာတယ်ဆိုရင် ယူကလစ် လက်ဖက်ရည်လေးကို သောက်သုံးပေးနိုင်ပါတယ်။ ယူကလစ် လက်ဖက်ရည်ရဲ့ စွမ်းအားတွေထဲက တစ်ခုကတော့ သွေးတွင်းက သကြားဓါတ်တွေကို ထိန်းညှိပေးနိုင်တဲ့အတွက် သွေးတိုးနဲ့ ဆီးချို ဖြစ်ပွါးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password