ဆွဲဆောင်မှုရှိသော မျက်၀န်းတစ်စုံကို မျက်စိတစ်မှိတ်အတွင်း ဖန်ဆင်းပေးမယ့် eyeliner များအကြောင်း

ပျိုမေလေးတို့ရေ လှပပြီး ဆွဲဆောင်မှုရှိတဲ့မျက်၀န်းတစ်စုံကို မိန်းကလေးတိုင်းမက်မောကြတာ သဘာ၀ပါ။ မျက်၀န်းနက်နက်လေးတစ်စုံနဲ့ ညှို့အားပြင်းပြင်း ဖြစ်စေဖို့ ကလည်းအရမ်းကြီးမခက်ခဲလှပါဘူးနော့။ eyeliner လေးတစ်ချောင်းရှိရုံနဲ့ အမျိုးမျိုးသော ဆန်းပြားတဲ့မျက်၀န်းလေးကိုလျှပ်တစ်ပြက်အတွင်း ပိုင်ဆိုင်ရမှာပါ။ အဲ့တော့ ပျိုမေတို့ အတွက် eyeliner အမျိုးအစားလေးတွေကို ပြောပြပြီး ဆောင်ရန် ရှောင်ရန်လေးတွေကို တင်ဆက်လိုက်ရပါတယ်နော်။

Pencil eyeliner

ပထမဆုံးliner ကတော့  pencil type liner လေးပါ။ သူက အသုံးပြုရလွယ်ကူပြီး blend လုပ်ရတာလည်း အဆင်ပြေပါတယ်။ waterline တွေမှာ ဆွဲဖို့လည်း မြန်ဆန်လွယ်ကူလှပါတယ်။ pencil type ဖြစ်တဲ့အတွက် အချိန်ကြာလာတဲ့အခါ မျက်၀န်းနားမှာပြန့်နိုင်ပြီး ခဲတံအမျိုးအစားဖြစ်လို့မကြာခဏ ပြန်ချွန်ပေးရတာကတော့ အားနည်းချက်လို့ ဆိုနိုင်ပါတယ်။

             .  

 

Liquid eyeliner

Eyeliner လို့ လူသိများကြတဲ့ အမျိုးအစားဆိုလည်းမမှားပါဘူးနော်။ liquid type ဖြစ်လို့ ပုံစံအမျိုးမျိုးကို လိုသလို ခြယ်သနိုင်ပါတယ်။ ဒီliquid liner တွေကို ဆွဲထားတဲ့ အခါ မျက်တောင်ကို ရှည်သယောင်ဖြစ်စေတဲ့ အတွက် mascara ထပ်သုံးပေးဖို့တောင် မလိုအပ်တော့ပါဘူး။ ဆွဲလိုက်ပြီး ခြောက်သွားတဲ့ အခါမှာလည်း မျက်၀န်းကို ပျံ့နှံ့ခြင်းမဖြစ်စေပါဘူး။ သို့သော်လည်း အရည်ပုံစံဖြစ်လို့ eyeliner စသုံးမယ့် beginners တွေကတော့ အဆင်မပြေတဲ့ အနေအထားဖြစ်စေနိုင်ပြီး ဆွဲပြီးတဲ့အခါ အရည်တွေခြောက်အောင်လဲ ခဏလောက်စောင့်ဆိုင်းရတာက တော့ beginners တွေအတွက် အားနည်းချက်တစ်ခုဖြစ်စေပါတယ်။

 

 .

Gel eyeliner

ဒါလေးကတော့ beginners တွေရော professional make up ပညာရှင်တွေပါ အသုံးပြုကြတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ gel type ဖြစ်တဲ့အတွက် eyeliner ဆွဲတဲ့ brush လေးတစ်ချောင်းကတော့မရှိမဖြစ်လိုအပ်ပါတယ်။ brush အသုံးပြုပုံကလည်း eyeshadow brush တွေလို မခက်ခဲဘဲလွယ်ကူပြီး blendable ဖြစ်စေပါတယ်။liquid eyeliner လိုပဲ look အမျိုးမျိုးကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ gel type ဖြစ်လို့ သေသပ်လှပတဲ့ အသွင်ကို ပေးစွမ်းနိုင်တာကတော့ အားသာချက်တစ်ခုဖြစ်ပါတယ်။ အားနည်းချက်ကတော့ gel ဖြစ်လို့ brush တစ်ချောင်းကတော့ မရှိမဖြစ်လိုအပ်ပြီး ဒီ gel eyeliner တွေက ခြောက်သွားတာမြန်တဲ့အတွက် မြန်ဆန်စွာ ဆွဲပြီးတာနဲ့ blend လုပ်ဖို့တော့လိုအပ်ပါတယ်။

Felt tip eyeliner

ယခုလက်ရှိပျိုမေလေးတွေအများဆုံးသုံးစွဲနေကြတဲ့ eyeliner အမျိုးအစားဖြစ်ပြီးpen type ဖြစ်တဲ့ အတွက် သယ်ဆောင်ရလွယ်ကူပါတယ်။ အသုံးပြုရလွယ်ကူတဲ့ အပြင် felt tip ဖြစ်တဲ့ အတွက် မျက်၀န်းတစ်လျှောက်က လိုအပ်တဲ့ နေရာတွေကို အသေးစိတ်ပုံဖော်ဆွဲနိုင်ပါတယ်။ ဒီ pen type liner တွေက များသောအားဖြင့် water proof, sweat proof တွေဖြစ်တဲ့အတွက် တစ်နေကုန် ကြာရှည်ခံပြီး အချိန်ကြာသည်ထိ လှပနေမှာပါ။ softpen type ဖြစ်တဲ့အတွက် အရောင်ထွက်အားကတော့ အခြားအမျိုးအစားတွေလောက် မကောင်းမွန်ပေမယ့် 1 layer ဆွဲပြီးတဲ့အခါနောက် layer တစ်ထပ် ဆွဲပေးလိုက်တာနဲ့ အဆင်ပြေပါတယ်။ korean မလေးတွေလို eyeliner ခပ်ပါးပါးလေးဆွဲချင်တယ်ဆိုရင်လည်း အိုကေပါတယ်နော်။ water proof ဖြစ်တဲ့အတွက် make up remover လေးနဲ့ ပြန်ဖျက်ပေးဖို့လိုအပ်ပါတယ်နော်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password