ရေဓာတ်ပြည့်ဝပြီး တင်းရင်းတဲ့အသားအရေတို့အတွက် Eliza Hyaluronic Gel

ပျိုမေတို့​ရေ ပူပြင်းလှတဲ့ နွေရာသီမှာ ရေဓာတ်ခမ်းခြောက်ပြီး အသားအရေခမ်းခြောက်ရလို့ စိတ်ညစ်နေကြပြီလား? ဒါဆိုရင်တော့ အခုပြောပြပေးမယ့် ပစ္စည်လေးက ရေဓာတ်ဖြည့်တင်းမှုကို လိုအပ်နေတဲ့ပျိုမေတို့အတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။ အဲဒီပစ္စည်းလေးကတော့ Eliza အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ Hyaluronic Gel ပဲဖြစ်ပါတယ်။

Eliza ရဲ့ Hyaluronic Gel မှာ ရေဓာတ်ကိုဖြည့်တင်းပေးနိုင်တဲ့ Hyaluronic Acid ပါဝင်တဲ့အတွက် အသားအရေခြောက်သွေ့လို့ စိတ်ညစ်နေရတဲ့ပျိုမေတွေ အကြိုက်တွေ့စေမယ့် ပစ္စည်းကောင်းလေးတစ်ခုပါပဲ။ အမျိုးအစားကတော့ Gel type ဖြစ်ပါတယ်။ Gel type ဖြစ်ပေမဲ့ စေးကပ်မှု လုံးဝမရှိဘဲ အသုံးပြုတဲ့အခါမှာ အသားအရေပေါ်မှာ ချောချောမွေ့မွေ့နဲ့ အေးမြတဲ့ခံစားမှုကို ခံစားရရှိစေပါတယ်။

ရေဓာတ်ကိုဖြည့်တင်းပေးနိုင်ရုံသာမဟုတ်ဘဲ အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေပြီး အရေးအကြောင်းများကိုလည်း လျော့နည်းသက်သာစေပါတယ်။ မနက်/ည အသုံးပြုပေးနိုင်ပြီး မိတ်ကပ်မလိမ်းခင်မှာလည်း အောက်ခံအဖြစ်နဲ့ အသုံးပြုပေးလို့ရနိုင်ပါတယ်။ အသားအရေခြောက်သွေ့သူများ၊ အဆီပြန်တတ်သူများနဲ့ Allergy မဖြစ်စေလို့ Sensitive ဖြစ်တတ်တဲ့ အသားအရေပိုင်ရှင်များတောင် အသုံးပြုပေးနိုင်ပါတယ်။

ဒါကြောင့် နွေနေရာမှာ အသားအရေခြောက်သွေ့တတ်လို့ အရင်လို စိတ်ညစ်နေစရာမလိုတော့ပါဘူး။ Eliza ရဲ့ Hyaluronic Gel လေးက အသားအရေခြောက်သွေ့ခြင်းရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးမှာပါ။

Eliza ရဲ့ Hyaluronic Gel လေးကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ ELIZA Skin Republic ဆိုင်၊ Beauty Diary ဆိုင်များမှာ ဝယ်ယူနိုင်ပြီးတော့ အွန်လိုင်းကနေဆိုရင်တော့ Clover Cosmetics and Skincare Facebook Page နဲ့ အရောင်းဆိုင်များမှာ ဝယ်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

 

 

 

Image Source – web.facebook.com/ELIZASkinRepublic/

maharyadanar.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password