နှုတ်ခမ်းလေးများကို 2018 Colour of the Year နဲ့ ပုံဖော်ကြပါစို့………

ပျိုမေတို့ရေ ဒီတစ်ခေါက်တော့ ၂ဝ၁၈ ခုနှစ်ရဲ့ Colour of the Year လေးနဲ့ နှုတ်ခမ်းလေးများရဲ့ အလှကို ဖော်ကျူးနိုင်စေဖို့ Ultra Violet Shade နှုတ်ခမ်းနီလေးတွေ အကြောင်း ပြောပြပေးပါမယ်နော်။ ဒီနှုတ်ခမ်းနီလေးတွေ အားလုံးကို Estee Lauder အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

ပထမဆုံး နှုတ်ခမ်းနီလေးကတော့ Pure Color Envy Matte Sculpting Lipstick ဖြစ်ပါတယ်။ သူက Creme Matte Color Finish အမျိုးအစားဖြစ်ပြီးတော့ medium to full coverage ဖြစ်ပါတယ်။ ဒါကြောင့် Matte ချစ်သူ ပျိုမေတို့ အကြိုက်တွေ့စေမယ့် နှုတ်ခမ်းနီလေးဖြစ်မှာပါ။ Shade ကတော့ Ultra Violet လေးပေါ့နော်။ တစ်ချက်တည်းဆိုးရုံနဲ့ လှပတဲ့ matte look နှုတ်ခမ်းလေးကို ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ သက်တောင့်သက်သာနဲ့ ပေါ့ပါးမှုလည်း ရှိပြီးတော့ နူးညံ့ချောမွေ့တဲ့ အထိအတွေ့ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

ဒုတိယ နှုတ်ခမ်းနီလေးကတော့ Pure Color Envy Paint-On Liquid LipColor လေးပါ။ သူက full coverage ဖြစ်ပြီးတော့ Multi Finish ဖြစ်ပါတယ်။ နှုတ်ခမ်းသားပေါ်မှာ လင်းလက်တောက်ပစေပြီးတော့ သူလည်းပဲ ဆိုးရတာ သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး ရှိစေပါတယ်။ Shade ကတော့ 2018 color လေး Ultra Violet ပဲပေါ့နော်။

တတိယမြောက် နောက်ဆုံးနှုတ်ခမ်းနီလေးကတော့ Pure Color Envy Sculpting Gloss ဖြစ်လို့ Gloss type နှုတ်ခမ်းနီ အမျိုးအစားကို နှစ်သက်သူ ပျိုမေတို့ အကြိုက်တွေ့စေမှာပါ။ Gloss shine finish ဖြစ်ပြီးတော့ Sheer coverage to medium coverage ဖြစ်ပါတယ်။ ဒီ Gloss လေးက ရေဓာတ်ဖြည့်တင်းပေးတဲ့ အစွမ်းသတ္တိ ပါဝင်လို့ နှုတ်ခမ်းသားလေးကို စိုပြေလှပစေမှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ applicator လေးကတော့ ကိုယ်လိုချင်သလို အတိအကျ ဆွဲနိုင်စေမှာဖြစ်လို့ ပျိုမေတို့ အသုံးပြုရတာ အဆင်ပြေစေမှာပါ။

ဒီတော့ Estee Lauder အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ 2018 Color of the Year ဖြစ်တဲ့ Ultra Violet Shade နှုတ်ခမ်းနီလေးများနဲ့ ခေတ်မီမီ ပြင်ဆင်လိုက်ကြပါစို့နော်။

 

 

Image Source – https://www.esteelauder.com/

https://web.facebook.com/EsteeLauder/

https://www.instagram.com/esteelauder/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password