မိတ်ကပ်လိမ်းတိုင်းစိတ်ချမ်းသာရတဲ့ အသားအရေလေးကိုဖန်ဆင်းမယ့် etude house က sheet mask များ

မိတ်ကပ်လိမ်းစရာမလိုပဲမျက်နှာအသားအရေကို ကြွေရုပ်လေးလိုပြောင်ပြောင်တင်းတင်းလေးဖြစ်နေချင်ကြတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ အပေါ်ယံအရေပြားပေါ်ကနေ တန်ဖိုးကြီးမိတ်ကပ်တွေ အရောင်အသွေးမျိုးစုံကို ခြယ်မှုန်းနေပါစေ မိမိပင်ကိုယ်အသားအရေလေးကို ကောင်းမွန်စွာဂရုစိုက်မထိန်းသိမ်းရင်တော့ ပျိုမေလေးတို့ရဲ့ တောက်ပဝင်းလက်မှုက ကြာရှည်ခံမှာ မဟုတ်ဘူးလေ။ ဒီအတွက်လည်းခေါင်းရှုပ်ခံပြီး စိတ်ညစ်နေစရာမလိုပါဘူး။ Etude house က ဒီပြဿနာတွေကို ပဉ္စလက်ဆန်ဆန် ဖြေရှင်းဖို့ 0.2 Therapy Air Mask လေးကို ပျိုမေလေးတို့လက်ထဲ အရောက်ပို့လိုက်ပါပြီ။Etude house က korea က နာမည်ကြီး brand လေးမှန်း  အလှအပကိုစိတ်ဝင်စားပြီး အရူးအမူးဖြစ်တဲ့ မိန်းကလေးတိုင်း နာမည်ကြားရုံနဲ့ သိနေလောက်ပါပြီ။ ဒီတော့ 0.2 Air Mask လေးက ဘယ်လောက်ထိအသားအရေပြဿနာတွေကို ဖြေရှင်းနိုင်မလဲ ဆိုတာကို ရေးသားလိုက်ရပါတယ်။

ပထမဆုံးသူရဲ့ နာမည်လေးက သူမတူဘဲနည်းနည်းလေးထူးဆန်းနေတာကို ပြောပြပေးမယ်နော်။ Mask sheet လေးတွေက 0.2 mm အထိ ပါးလွှာလွန်းလို့ မျက်နှာပေါ်မှာကပ်လိုက်တာနဲ့ကပ်ထားမှန်းမသိသာအောင်ပါးလွှာနေမှာပါ။ Air mask ဆိုတဲ့ အတိုင်းကပ်ပြီးတဲ့ အခါမှာလည်း အသားအရေက ပေ့ါပါးလန်းဆန်းပြီး အေးမြကြည်လင်နေမှာကတော့ သူ့ရဲ့ ထူးခြားတဲ့အားသာချက်တစ်ခုပါ။

လန်းဆန်းအေးမြကြည်လင်စေသော ❄The Moist Water Type Essence

ရေဓါတ်ပြည့်ဝစွာ နူးညံ့ချောမွေ့ကြည်လင်စေသော 💦The Ampoule Type Essence

အာဟာရပြည့်ဝစွာ တင်းရင်းစိုပြေကြည်လင်စေသော 💎The Emulsion Type Essence ဆိုပြီး သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။

ဒီသုံးမျိုးထဲမှာမှ တစ်မျိုးစီမှာ အာနိသင်အမျိုးမျိုးရှိတဲ့ စားချင်စဖွယ်အသီးလေးတွေကို ရွေးချယ်စရာအရောင်မျိုးစုံနဲ့ လှပခေတ်မီစွာ ထုတ်လုပ်ပေးထားတာတွေကတော့-

ကလေးငယ်လေးရဲ့အသားအရေလို ရေဓါတ်ပြည့်ဝစေပြီး ချောမွေ့နူးညံ့ချင်သူများအတွက်💦💦💦 Aloe, Calendula, Ceramide, Greentea, Manuka Honey, Tea Tree, Hyaluronic acid, Damask rose

 

 

 

💎💎စိန်ပွင့်လေးလိုကြည်လင်တောက်ပရွှန်းစိုပြီး ရေဓါတ်ကိုပြန်လည်ဖြည့်တင်းချင်တဲ့ ပျိုမဒီများအတွက် 💦💦💦Strawberry, Pomegranate, Pearl, Lemon, Argan

အသားအရေကိုအသစ်တစ်ဖန်တင်းရင်းလှပပြီး ချောမွတ်မှုကို ပြန်လည်ရရှိချင်သူများအတွက် Olive, Collagen, Camellia, Blueberry

 

 

အညစ်အကြေးတွေ၊ အဆီ၊ ဖုန်မှုန့်တွေကြောင့် ညစ်နွမ်းနေတဲ့အသားအရေကို သန့်စင်ပေးပြီး ချောမွတ်ဝင်းပချင်သူများအတွက် Lotus

ဆိုပြီးအမျိုးအစားစုံလင်စွာ ထုတ်လုပ်ပေးထားတာကြောင့် မိမိနဲ့ သင့်တော်မယ့် အမျိုးအစားကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပြီလေ။ အော် ဒါနဲ့ sheet mask ကပ်တဲ့အခါ ၁၅ မိနစ် ကနေ မိနစ် ၂ဝလောက်ထိပဲ ထားပေးပါနော်။ လှချင်ဇောနဲ့ အြကာကြီးကပ်လိုက်ရင် မိမိအရေပြားမှာရှိတဲ့ရေဓါတ်ကိုပါပြန်လည်စုပ်ယူသွားနိုင်ပါတယ်။ mask တပ်ပြီး ညလုံးပေါက်အိပ်လိုက်တာတွေကလည်း ချွေးပေါက်တွေကို ပိတ်စေနိုင်ပါတယ်။ Sheet mask တွေကပ်ပြီးတဲ့အခါ ရေပြန်ဆေးချစရာမလိုပါဘူးနော်❌❌❌။ အစိုဓါတ်ထိန်းခရင်မ်ကို ပါးပါးလေးထပ်လိမ်းပေးလိုက်ရင် အိုကေ။😍😍

0.2 mm therapy air mask လေးတွေကပ်ပြီး ပိုပြီးအားပြည့်ကျန်းမာတဲ့ ပိုပြီးစိုပြည်နူးညံ့ချောမွေ့တဲ့ မိတ်ကပ်လိမ်းတိုင်းစိတ်ချမ်းသာရတဲ့ bling bling အသားအရေလေး❄❄❄ကို ခုချက်ချင်းပိုင်ဆိုင်နိုင်ပါပြီနော်။ ၀ယ်ယူချင်တယ်ဆိုရင်တော့ etude house myanmar showroom တိုင်းမှာ ရရှိနိုင်ပါတယ်လို့သတင်းကောင်းပါးလိုက်ရပါတယ်။

Source : EtudeHouse

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password