မျက်နှာပေါ်ကအညစ်အကြေးတွေကို အပီအပြင်ဖယ်ရှားပေးမယ့် Etude House ရဲ့ Cleansing Cream

တစ်နေကုန်မျက်နှာမှာ ထင်းနေအောင် ရေစိုခံမိတ်ကပ်လှလှလေးလိမ်းပြီးသွားရင် ပြန်ဖျက်တဲ့အခါမှာ တော်ရုံနဲ့မပျက်လို့ အခက်တွေ့ရတာ တော်တော်များများဖြစ်ဖူးကြမှာပါ။ ဒါကြောင့် မိတ်ကပ်တွေကို အရမ်းကြီးဖျက်စရာမလိုဘဲနဲ့ ပျက်စေမယ့် cleansing cream လေးတစ်ခုကိုပြောပြမယ်နော်။

ဒီ cleansing cream လေးကတော့ Etude House ရဲ့ Baking Powder series ထဲက Pore Cleansing Cream လေးပါ။ မိတ်ကပ် remover အနေနဲ့လည်းအစွမ်းထက်သလို တစ်နေကုန်မျက်နှာပေါ်မှာရှိနေတဲ့ ဖုန်နဲ့အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးတာမို့ မျက်နှာကိုပိုပြီးကြည်လင်စေပါတယ်။ Peeling effect လည်းနည်းနည်းပါတာကြောင့် မျက်နှာအရေပြားပေါ်က dead cells တွေကိုပါဖယ်ရှားပေးနိုင်တာပါသေးတယ်။ ဒါပေမယ့် peeling effect ကို formula ထဲပဲထည့်ထားတာဆိုတော့ exfoliator တွေလိုတော့ ချက်ချင်းမသိသာပါဘူး။ ဒါ့အပြင် Pore Cleansing Cream လို့နာမည်မှာဆိုထားသလိုပါပဲ၊ ချွေးပေါက်တွေအထိပါ သန့်စင်ပေးတာကြောင့် တစ်မျိုးထဲနဲ့အတော်လေးစွမ်းတယ်လို့ပဲပြောရမလိုပါ။

ဒီ cleansing cream လေးကိုအသုံးပြုပုံကတော့ မျက်နှာမသစ်ခင်မှာ ဒီ cream လေးကိုမျက်နှာအနှံ့လိမ်းပေးပြီး မိတ်ကပ်တွေပျော်ကျပြီးပျက်သွားတဲ့အထိ မျက်နှာကိုနှိပ်နယ်ပေးရုံပါပဲ။ ပြီးရင်တော့ မိတ်ကပ်တွေကို cotton pad ဒါမှမဟုတ် tissue နဲ့ဖြစ်ဖြစ်သုတ်လိုက်ပြီးတော့ facial foam ကိုသုံးပြီး ပုံမှန်အတိုင်းမျက်နှာသစ်လိုက်ရုံပါ။ တစ်ခုရှိတာက ဒီ cleansing cream ကသုံးစရာ spatula လေးမပါလို့ cream ကိုဘူးထဲကနေ လက်နဲ့ကလော်ထုတ်ရမှာဆိုတော့ တစ်ယောက်ထဲသုံးရင်ပိုကောင်းပါတယ်၊ ဒါမှ လက်ကနေပြန်ပြီး bacteria တွေမဝင်အောင်ပါ။

ဒီ cleansing cream ဘူးက 180ml တောင်ပါတဲ့ဘူးကြီးဖြစ်လို့ တစ်ယောက်ထဲသုံးမယ့်သူတွေအတွက်တော့ တော်တော်သုံးပျော်ပါတယ်။ ပြီးတော့ သီတင်းကျွတ် promotion အနေနဲ့ ရန်ကုန်နဲ့မန္တလေးက Etude House ဆိုင်တွေမှာ ဒီ cleansing cream တွေကိုဈေးချပေးနေတာဆိုတော့ တန်တယ်ဆိုတာထပ်ကို တန်သွားပြီမို့ ခုပဲသွားဝယ်လို့ရအောင်သတင်းပေးလိုက်ပါတယ်နော်။

 

 

References : www.etudehouse.com

image source: www.facebook.com/etudehouse.ls

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password