Etude House ရဲ့ အသစ်ထွက်ရှိလာတော့မယ့် Coffee To Go No Syrup Collection

ဆောင်းတွင်းဘက်ဝင်လာတာနဲ့အညီ အသစ်ထွက်လာတဲ့ makeup တွေကလည်း warm tone လေးတွေဖြစ်နေတတ်တာကိုသတိထားမိကြမှာပါ။ အခု Etude House ကနေအသစ်ထွက်လာမယ့် Coffee To Go No Syrup collection လေးကလည်း ဒီလို warm tone လှလှလေးတွေကိုမှ ချစ်စရာကောင်းအောင်လုပ်ထားတာတွေ့ရတာကြောင့် ကြိုပြီးရင်ခုန်နိုင်အောင် မိတ်ဆက်ပေးမယ်နော်။

ဒီ Coffee To Go No Syrup collection လေးကနာမည်အတိုင်းပါပဲ၊ အရောင်လေးတွေကအစ coffee color လေးကိုအခြေခံထားတဲ့အရောင်တွေဖြစ်ပြီး packaging ကအစ coffee theme လုပ်ထားတာတွေ့ရပါတယ်။ ဒီ collection အတွက် signature look ကတော့ deep, soft look ပါတဲ့၊ အငြိမ် look လေးတွေကိုမှ ရုပ်အရမ်းမရင့်ချင်ဘူးဆိုတဲ့ပျိူလေးတွေအတွက်ကွက်တိကျနေမယ့် look လေးလို့ပဲဆိုရမှာပါ။

ဒီ collection လေးမှာ ပါတဲ့ makeup item လေးတွေကတော့ Dear My Blooming Lip Talk (#BE117 to #BE120), Lovely Cookie Blusher #Pink Brownie နဲ့ Play Color Eyes #Caffeine Holic တို့ပဲဖြစ်ပါတယ်။

Dear My Blooming Lip Talk ကအရောင်လေးရောင်ရှိပါတယ်။ လိမ္မော်ရောင်အရင့် Dry Orange Bianco၊ အနီရင့်ရင့် No Sugar Americano၊ အသားရောင်နဲ့ပန်းရောင်ကြားက Vienna Strawberry Latte နဲ့ အညိုရောင် Whipping Cream Dolce Latte လို့နာမည်လေးတွေပေးထားတာကြောင့် ကော်ဖီကြိုက်တဲ့ပျိုလေးတွေအတွက်တော့ နှစ်ဆရင်ခုန်ရမှာပါ။

Eyeshadow palette မှာတော့ အရောင် ၉ရောင်ပါတာကိုတွေ့ရပြီး glitter ပါတဲ့အရောင် ၅ခုနဲ့ ရိုးရိုးအရောင် ၄ခုပါတယ်လို့လည်းသိရပါတယ်။ ဒီ color swatch လေးတွေရဲ့နာမည်ကလည်း coffee နာမည်လေးတွေပဲဆိုတာတော့ပြောနေစရာတောင်မလိုတော့ပါဘူးနော်~

Coffee ကြိုက်တဲ့ပျိုလေးတွေအတွက်ရော Coffee မကြိုက်တဲ့ပျိုလေးတွေအတွက်ပါ ဒီ Coffee To Go No Syrup လေးကတော့ ဆောင်ထားသင့်တဲ့ warm tone collection လေးတစ်ခုဖြစ်မယ်ထင်လို့ မသိရမရှိအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Image Source: www.etudehouse.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password