Etude House ကနေအသစ်မိတ်ဆက်လိုက်တဲ့ Matte Chic Lip Lacquer

Etude Houseလို့ဆိုလိုက်ရင် ချစ်ဖို့ကောင်းတဲ့ packagingနဲ့ ပန်းရောင်လေးတွေအများဆုံးရှိတဲ့ brand လို့ပြေးမြင်မိကြမှာပါ။ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေအကြိုက် အရောင်လေးတွေများတာကြောင့် Etude Houseရဲ့ brand modelတော်တော်များများကလည်း freshဖြစ်တဲ့ imageရှိတဲ့သူတွေများတာကို သတိထားမိပါတယ်။ အခု ၂၀၁၈မှာတော့ အရင်ကပုံစံတွေနဲ့မတူ နည်းနည်းကွဲပြားတဲ့ Matte Chic Lip Lacquer Seriesလေးကို မိတ်ဆက်လိုက်တာကြောင့် CosmeticMyanmarရဲ့ ပျိုမေတွေအတွက်ဖော်ပြပေးလိုက်ရပါတယ်။

ဒီ ၂၀၁၈မှာ Etude Houseအနေနဲ့ brand modelအသစ်အနေနဲ့ တောင်ကိုရီးယားရဲ့ နာမည်ကြီး မိန်းကလေးအဖွဲ့ဖြစ်တဲ့ Red Velvetအဖွဲ့ကို ရွေးချယ်ခဲ့ပြီး အခု ဒီ Matte Chic Lip Lacquer seriesလေးကလည်း Red Velvetအဖွဲ့ဝင် ၅ယောက်ကို inspirationယူပြီး ဖန်တီးထားတာလို့လည်းသိရပါတယ်။ အရောင် ၁၂မျိုးထိပါဝင်ပြီး Red Velvetအဖွဲ့ဝင် ၅ယောက်ကို ကိုယ်စားပြုတဲ့နာမည်လေးတွေနဲ့ အရောင်၅မျိုးလည်းပါဝင်တာကိုတွေ့ရပါတယ်။

ဒီအရောင် ၁၂မျိုးကတော့-

၁။ Peach မက beigeစစ်စစ်လည်းမကျတဲ့ Not Peach but Beige

၂။ More rosè than yesterdayလို့ခေါ်တဲ့ ပန်းဆီရောင်ရင့်ရင့်

၃။ The winking pink ဆိုတဲ့ပန်းရောင်တောက်တောက် matte

၄။ Red Velvet အဖွဲ့ဝင် Yeriကို ကိုယ်စားပြုတဲ့ Pink Yeri

၅။ ပန်းလိမ္မော်ရောင်ဘက်သန်းတဲ့ Red Velvetအဖွဲ့ဝင် Joyရဲ့ Lovely Joy’s Grapefruit

၆။ လိမ္မော်ရောင်တောက်တောက် How Orange

၇။ လိမ္မော်ရောင်ဘက်သန်းတဲ့ အနီရောင်Ready Red

၈။ Red Velvetအဖွဲ့ဝင် Seulgiရဲ့ နီညိုရောင်ရင့်ရင့် Seulgi-like Burgandy

၉။ Red Velvetအဖွဲ့ခေါင်းဆောင် Ireneရဲ့ အနီရောင်တောက်တောက် Wow,Irene Red

၁၀။ နီညိုရောင်ဆန်ဆန် More often than expected

၁၁။ Red Velvet’s Wendyရဲ့ အညိုရောင်matte Wendy’s Brown for Today

၁၂။ ပန်းနုရောင် Romance and Rosè တို့ပဲဖြစ်ပါတယ်။

ဒီ Matte Chic Lip Lacquerလေးတွေက အရင် Etude productsတွေလို အရောင်နုနုလေးတွေပဲမဟုတ်ဘဲ အရောင်ရင့်ရင့် ငြိမ်ငြိမ်လေးတွေလည်းပါတာကြောင့် ပျိုမေတို့အတွက် ရွေးချယ်စရာအပြည့်ပါ။ Textureကလည်း Matteဖြစ်တာကြောင့် ထသွားထလာအနေနဲ့ရော ပွဲလမ်းတွေအတွက်ပါသင့်တော်တာကြောင့် Etude Houseရဲ့ ပရိသတ်တွေအတွက်ရော Red Velvetရဲ့ ပရိသတ် ReVel Luvsတွေအတွက်ပါ ဖော်ပြပေးလိုက်ရပါတယ်။

 

 

 

 

References : www.etudehouse.com

Photo references : www.etudehouse.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password