Eucerin Q10 နဲ့ အသားအရေလေးတွေ ထိန်းသိမ်းကြမယ်

အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ အသားအရေတိုင်းအသုံးပြုရန်သင့်တော်မယ့် Eucerin Q10 Night Cream လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Cream လေးဟာ အရေပြား Sensitive ဖြစ်သူတွေပါ အသုံးပြုနိုင်ပြီး မျက်နှာပြင်ရှိ အရေးအကြောင်းများကို သက်သာစေနိုင်တဲ့ ညအိပ်ခရင်မ်လေးဖြစ်ပါတယ်။

Coenzyne Q10 အဓိကပါဝင်ပြီး အသားအရေအတွင်းဆုံးပိုင်းရှိ ဆဲလ်များကို ပြန်လည်အားဖြည့်ပေးနိုင်ခြင်း၊  ချောမွေ့တင်းရင်းတဲ့အသားအရေဖြစ်စေခြင်း တို့အတွက် အဓိကလုပ်ဆောင်ပေးပါတယ်။ Antioxidant ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် UV ဒဏ်ကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ညစ်နွမ်းမှုကြောင့်ဖြစ်စေ ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကုစားပေးနိုင်ပါသေးတယ်။

အသက်အရွယ်ပြောင်းလဲလာတာနဲ့အမျှ Q10 level ကျလာတာဖြစ်တဲ့အတွက်ကြောင့် အသက် ၂၀ ကျော်အရွယ်ကတည်းက အသားအရေ ထိန်းသိမ်းဖို့ Skin Care Product ကောင်းကောင်းရှာနေရင်တော့ ဒါလေးက အသင့်တော်ဆုံး ဖြစ်မှာပါနော်။

အသုံးပြုတဲ့အခါ သန့်ရှင်းဆေးကြောထားတဲ့ မျက်နှာပေါ်မှာ သင့်တင့်တဲ့ ပမာဏကို ယူပြီး မျက်နှာနဲ့ လည်ပင်းအနှံ့လိမ်းပေးရပါမယ်။ ဆဲလ်သစ်တွေဟာ ညဘက်မှာ ပြန်လည်နိုးကြားမှု အားအကောင်းဆုံးဖြစ်တာကြောင့် ညအိပ်ရာမဝင်ခင် အသုံးပြုခြင်းအားဖြင့် ပိုမိုထိရောက်တဲ့ ရလဒ်ကို ရရှိစေမှာပါ။ အသားအရေကို မထိခိုက်မပျက်စီးရအောင် အနံ့မျာ၊ အရက်ပြန်များ၊ အဆီဓာတ်များ မပါဝင်ခြင်းတို့ကြောင့် စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

နိုင်ငံတကာ top 5 အရောင်းရဆုံးမှာစာရင်းဝင်ပြီး ဝယ်ယူရရှိလိုရင်တော့ 54,000 ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်နော်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password