တစ်လအတွင်း တင်သားအကိတ်လေးဖြစ်ဖို့ ဒီလေ့ကျင့်ခန်းတွေကို အပီသာလုပ်

ကောင်မလေးတွေကြားထဲ လတ်တလော စိတ်ဝင်စားမှု အကောင်းဆုံးနဲ့ အဖြစ်ချင်ဆုံးကို ပြောပါဆိုရင် တင်သားလေးလှပြီး အခုခေတ်နဲ့ဆို ကိတ်တာပေါ့နော်။ အဲ့ဒါကကိတ်ချင်တဲ့ကောင်မလေးတွေအတွက်တော့ goal တစ်ခုလိုပါပဲ။ Gym တွေသွား လေ့ကျင့်ခန်းတွေလုပ် သူများတွေက အာလူးစားရင် ကိတ်တယ်ပြောကြတော့ စားလိုက်ရတဲ့အာလူး ပြီးတော့ မသိသာ ဒုံရင်းကဒုံရင်း။ လေ့ကျင့်ခန်းတွေကလည်း လုပ်လိုက်ရတာ နည်းလမ်းတွေကလွဲ လုပ်တာကလည်း စိတ်ပါတဲ့နေ့ထလုပ်ပြီးတော့ တစ်လလောက်နား နောက်ဆုံး ဘာမှဆက်မဖြစ်တော့ ဟီးဟီး။ မိန်းကလေးတွေက မြန်မာဝတ်စုံလေးတွေ ဝတ်လည်းတင်လေးလှမှ ဘာဝတ်ဝတ်ကိတ်နေတော့ လှတာပေါ့ မသိဘူး ကိတ်ချင်တယ် ဆိုတဲ့သူတွေအတွက် ကိတ်နည်းလေးတွေ လာပါပြီနော်။ လေ့ကျင့်ခန်းလေးရော အစားလေးရော ထိန်းပေးရမှာနော်။

စာလေးကတော့ နည်းနည်း ရှည်မယ်နော်။ ဘာလို့လဲဆိုတော့ ရှင်းပြရမှာတွေရော ဘယ်လိုလုပ်ရမှာတွေရော ဆိုတော့ လိုက်ဖတ်ကြည့်ပေးဉီးနော်။

တင်ထွက်ချင်တာမှာ ၂ မျိုးရှိပါတယ်နော်။ အနောက်ဘက်ကို ထွက်ချင်တာလား? ဘေးဘက်ကို ထွက်ချင်တာလားဆိုတာရှိပါတယ်။ များသောအားဖြင့် အနောက်ဘက်ကို ထွက်တယ်ပဲ အသိများကြတာပေါ့နော်။ ဘေးဘက်တွေပါ စုံအောင် ကစားပေးမှ ခိုင်လီတို့ ဘာတို့လို လှမှာလေ။ စတာနော် သူတို့လောက်တော့ ဘယ်အချိုးကျကျလှမလဲ သူတို့က silicon တွေ ထည့်ထားတာကိုလေ။ စိတ်အားမငယ်ပါနဲ့နော်။

တင်အနောက်ထွက်ချင်သူတွေအတွက်

Butt Bridge

တင်အနောက်ရော ပေါင်တွေကို ပါထိရောက်စေလို့ ကောင်းပါတယ်။ တစ်ခါကစားရင် 10 ကြိမ်လောက်ကို နှစ်ကြော့လောက်ပြန်ကျော့ပေးပါ။ စကစားမယ့်သူတွေအတွက်နော်။ ပြီးတော့ အကြိမ်ရေ မြန်မြန်ပြီးဖို့ထက် ကြွက်သားထိအောင်ကစားပေးပါ။ ကြွက်သားထိမထိဘယ်လို သိမလဲ တကယ်လို့ ကိုယ်က တင်အတွက်ကစားရင် တင်နေရာကို အာရုံစိုက်ပြီး ကစားပေးပါ။

Squat

ဒါကတော့ လူသိအများဆုံးပါ။ ပြောရရင်တော့ထိုင်ထပေါ့နော်။ ထိုင်ထလုပ်တာကလည်း ပုံစံမှန်အောင် လုပ်မှ ပုံကျမှာပါ။ ထိုင်တဲ့အချိန်မှာ ဒူးက ခြေဖျားထက်ကျော်လို့မရပါဘူး။ မကျော်မှပုံမှန်တာပါ။ ပြီးတော့ အရေးကြီးဆုံးက ထွက်ချင်ရင် ဖြေးဖြေးလေးထိုင်ရတာပါ။ အခေါက်ရေက 8-12 လောက်ဆို လုံလောက်ပါတယ်နော်။ နှစ်ကျော့လောက်တော့ ပြန်လုပ်ပေးပါ။

Back Kick

ဒါကလည်း တင်အနောက်ထွက်ချင်သူတွေ လုပ်သင့်တဲ့ လေ့ကျင်ခန်းတစ်ခုပါနော်။ အဓိကက ခါးကို တောင့်ထားပြီး တင်နေရာကိုပဲခြေထာက်နဲ့ ပင့်ပေးရမှာပါ။ ခါးကပါလိုက်ပြီးတော့ ကွေးနေရင်တင်ပါးကို အားက မသက်ရောက်တော့ပါဘူးနော်။

ကဲ တင်ဘေးချိုင့်တဲ့သူတွေ အတွက်

တင်ဘေးကချိုင့်ပြီးတော လုံချည်အပါးသားတွေ, ဘောင်းဘီအကြပ်တွေ ဝတ်ရင် အရမ်းသိသာပါတယ်နော်။ ကြည့်ရတာအဆင်မပြေတော့ စိတ်တွေညစ် မပူပါနဲ့တော့ ဒီလေ့ကျင့်ခန်းလေးတွေကိုသာလုပ် သိသာလာလိမ့်မယ်နော်။

Fire Hydrants

ဘေးတင်ပါးအတွက်အကောင်းဆုံလေ့ကျင့်ခန်းပါ။ တင်ပါးကို ပြည့်လာစေပြီး လုံးသွားစေပါတယ်နော်။ ပေါင်အတွင်းသားတွေကိုလည်း ကျစ်သွားစေပါတယ်။

Side Kick

ဘေးဘက်တင်သားကို ထွက်စေတဲ့လေ့ကျင့်ခန်းပါ။ ခြေထာက်လေးတွေကိုပါ ကျစ်ပြီးသွယ်သွားစေပါတယ်၊။ ပြောရရင် တင်ပါးအတွက်လေ့ကျင့်ခန်းတွေက ခြေထောက်ကု အသုံးပြုပြီးဆော့ရလို့ ခြေထောက်တွေကိုပါ ကျစ်သွားစေပါတယ်နော်။

ကဲဘာတွေ စားရမလဲ

ပရိုတိန်းပါတာတွေ အကုန်စားရမှာပါနော်။ ကြက်သားကို အဖြူထည်ပြုတ်ထားတာ,ကြက်ဥပြုတ်, ပဲအမျိုးမျိုးကို စားပေးရမှာပါ။ လေ့ကျင့်ခန်းဆော့နေတာပဲ အစားမရှာင်တော့ပါဘူးလို့တော့ မတွေးလိုက်ပါနဲ့နော်။ အဆီကဲထားတဲ့ အစားစာတွေကို ရှောင်ပေးပါ။ ပြီးတောလေ့ကျင့်ခန်းကလည်း တစ်ပါတ်ကို ၃ ရက်လောက်ဆို ထိရောက်ပါတယ်နော်။ စဆော့မယ့်သူတွေကတော့ နည်းနည်းစီနဲ့ ဖြေးဖြေးဆော့သွားပါ။ အစမှာ အရမ်းဆော့ပြီးတော့ နောက်ပိုင်း မဆော့နိုင်တော့ရင် အဆင်မပြေတော့ဘူးလေ။ ဖြေးဖြေးချင်းသွားပါ။ ယုန်နဲ့လိပ်ကို နမူနာယူပါ။ ဒါဆိုရင်တော့ ကိတ်နိုင်ပြီနော် ဒီနေ့ပဲစလိုက်ကြရအောင်

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password