
EXO D.O.
အာရှရဲ့တောနက်ထဲက ရနံ့တွေပေါင်းစပ်ထားတယ်လို့ ဆိုတဲ့ Diptyque ရဲ့ Tam Dao ကို အများဆုံးသုံးဖြစ်တဲ့ idol ကတော့ EXO အဖွဲ့ရဲ့ D.O. ပါ။ တည်တည်နေတတ်တဲ့ D.O. နဲ့လိုက်ဖတ်တဲ့ရေမွှေးလို့ဆိုနိုင်ပါတယ်။
EXO Chanyeol
Chanyeol ရဲ့အကြိုက်ဆုံးရေမွှေးကတော့ Silver Mountain Water by Creed ပါ။ Outdoor ထွက်ရတာကြိုက်တဲ့ အမျိုးသားတွေကို ရည်ရွယ်ပြီးထုတ်ထားတယ်လို့ ညွှန်းထားတဲ့အတွက် အမြဲတက်ကြွနေပြီး ခရီးသွားရတာကြိုက်တဲ့ Chanyeol နဲ့တော့ကွက်တိပါပဲနော်။
EXO Sehun
Abercrombie and Fitch ကထုတ်တဲ့ Fierce ရေမွှေးကတော့ EXO Sehunရဲ့ အကြိုက်ပါတဲ့။ ဒီရေမွှေးကတော့ ဆယ်ကျော်သက်အရွယ်လူငယ်တွေနဲ့ သင့်တော်တဲ့ ရေမွှေးမျိုးလည်း ဖြစ်ပါတယ်။
Highlight Lee Gikwang
Highlight အဖွဲ့ရဲ့ dancing machine ဖြစ်တဲ့ Lee Gikwang ကတော့ classic perfume တွေထဲကတစ်ခုဖြစ်တဲ့ CK One ကိုအကြိုက်ဆုံးပါတဲ့။
SEVENTEEN S.Coups
ခုလောလောလတ်လတ်ပဲ ဆိုတဲ့သီချင်းအသစ်ထွက်ရှိထားတဲ့ SEVENTEEN အဖွဲ့ရဲ့ ခေါင်းဆောင် S.Coups ကတော့ W.Dressroom ကထုတ်တဲ့ Peach Blossom ဆိုတဲ့ ရေမွှေးကိုကြိုက်တယ်လို့ဆိုပါတယ်။ Peach အနံ့လေးသင်းတဲ့ ဒီရေမွှေးလေးက လူငယ်ဆန်တဲ့ အနံ့လေးဖြစ်တာမို့ ကိုရီးယားက တော်တော်များများလည်းကြိုက်ကြတဲ့ ရေမွှေးတစ်ခုဖြစ်ပါတယ်။
Lovelyz Kei
Lovelyz ရဲ့ main vocal Kei ကတော့ Christian Dior ရဲ့ Miss Dior series ထဲက Blooming Boquet ကိုကြိုက်နှစ်သက်သူဖြစ်ပြီး ဒီရေမွှေးလေးရဲ့ အနံ့ကတော့ နွေဦးရာသီမှာပွင့်တဲ့ ပန်းရနံ့လေးတွေလို့ဆိုပါတယ်။
အခုဆိုရင်တော့ ကိုယ်ကြိုက်တဲ့ တွေသုံးတဲ့ရေမွှေးလေးတွေကို သိရပြီဆိုတော့ ကိုယ်တိုင်လည်း ဒီရေမွှေးလေးတွေကို သုံးပြီး ကိုယ့် နဲ့အတူတူ လို့ရပြီမို့ သဘောကျကြမယ်လို့ ထင်ပါတယ်။