
ခုလတ်တလောမှာ မိန်းကလေးတွေကြားရေပန်းစားနေတဲ့ facial spray လေးတွေ setting spray လေးတွေက အသားအရေကိုဘယ်လောက်ထိ အကောင်းဆုံးပံ့ပိုးပေးနိုင်မလဲ။ ဘယ်လိုတွေကွာခြားတာလဲ။ ဘယ်အချိန်မှာအသုံးပြုရမလဲဆိုတာကို ပြောပြရင် စိတ်ဆိုးသွားကြမလားဟင်? ☺☺
ပထမဆုံး setting spray လေးအကြောင်းကိုပြောပြပေးမယ်နော်။ ဒါလေးကတော့ ပျိုမေလေးတွေကြားမှာ ယခင်ကတည်းက အထူးရေပန်းစားပါတယ်။ သူကတော့ နာမည်လေးအတိုင်း မိတ်ကပ်တွေအကုန်လုံးပြင်ဆင်ပြီးသွားတဲ့အခါမှာ မိတ်ကပ်သားမကွက်အောင်နဲ့ နေရာမရွေ့သွားအောင် setting အနေနဲ့ဖြန်းပေးရတဲ့ spray လေးပါ။ တစ်ချို့ကလည်း မိတ်ကပ်မပြင်ဆင်ခင်အရင်ဆုံး ဖြန်းကြပါတယ်။ မိမိစိတ်ကြိုက်လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သူရဲ့တာဝန်လေးကတော့ အလွယ်မှတ်ထားမယ်ဆိုရင် မိတ်ကပ်သားကို setting ချပေးပြီး မိတ်ကပ်ကို ကြာရှည်ခံစေပါတယ်။
နောက်တစ်ခုကတော့အခုနောက်ပိုင်း လူကြိုက်များလာကြတဲ့ facial spray လေးပါ။ သူကတော့ အသားအရေကို လန်းဆန်းအေးမြပြီး ကြည်လင်စေပါတယ်။ skin care effect ပါဝင်တာကြောင့် ဒါလေးဖြန်းထားလိုက်တာနဲ့ skin care ပါလုပ်ပြီးသား ဖြစ်တာမို့ အသုံးပြုရတာလွယ်ကူရိုးရှင်းပါတယ်။ပြီးရင်သူကဖြန်းပြီးတာနဲ့ အချိန်တစ်ခုကြာတဲ့အခါ အသားအရေကို ပြောင်ပြောင်လေးဖြစ်စေပါတယ်။ အသားအရေခြောက်သွေ့တယ်လို့ခံစားတဲ့အခါတိုင်း လန်းဆန်းသွားအောင် ထုတ်ဖြန်းနိုင်တာပေါ့။ အရမ်းအဆင်ပြေပါတယ်။ သူက mist လိုအမျိုးအစားဖြစ်တဲ့ အတွက်ဖြန်းတဲ့အခါမှာ တစ်နေရာတည်းမှာ စုမနေဘဲ မျက်နှာအနှံ့ကိုအလွယ်တကူစိမ့်ဝင်စေပါတယ်။
ဒီ spray လေးတွေက အခြားအသုံးဝင်တဲ့ နေရာလေးလဲရှိပါသေးတယ်နော်။ Glitter eyeshadow လေးတွေကို အရောင်ထွက်အားပိုကောင်းချင်ရင် eyeshadow မခြယ်ခင်မှာ brush လေးကို တစ်ချက်နှစ်ချက်လောက် ဖြန်းပေးလိုက်ပါ။ 😮wow ကနဲဖြစ်သွားလောက်အောင် အရောင်ထွက်အားကောင်းစေပါတယ်။ ကဲ ဒီလောက်ဆိုရင် setting spray နဲ့ facial spray တွေအကြောင်းကိုသေချာကွဲပြားသွားလောက်ပြီပေ့ါနော်။ အခုဆိုပြည်တွင်းမှာလည်းစျေးနှုန်းသက်သာပြီး အရည်အသွေးကောင်းတဲ့ brand လေးတွေ ထွက်ရှိလာပါပြီ။👍 ပျိုမေတို့ရွေးချယ်စမ်းသပ်ပြီးစိတ်ကြိုက်ဝယ်ယူနိုင်ပြီလေ။😘😘😘