အာရှရဲ့ နာမည်အကြီးဆုံး beauty blogger

ပျိုမေတို့ရေ ပြီးခဲ့တဲ့လက အွန်လိုင်းshop တွေမှာ pony cushion တွေ  discount ချနေတာ သတိထားမိမယ်ထင်ပါတယ်။ Pony ဆိုတာ ဘာလဲ။ ဘယ်သူလဲ။ ဘယ်ကလဲ။ Pony ဆိုတာ မိတ်ကပ်နဲ့ ပတ်သက်လာရင် နာမည်ကျော်တဲ့ တောင်ကိုရီးယား blogger တစ်ယောက်ပါ။ အခုနောက်ပိုင်းမှာတော့ pony က တောင်ကိုရီးယားမှာတင်မကပါဘူး။ တစ်ကမ္ဘာလုံးက သတိထားမိလာတဲ့ blogger တစ်ယောက်ဖြစ်လာနေပါတယ်။ သူမကိုယ်တိုင်ထုတ်ထားတဲ့ မိတ်ကပ်ကူရှင်နဲ့ နှုတ်ခမ်းနီတွေကလည်း နာမည်ကျော်ကြားပါတယ်။ ပြီးတော့ ဒီပစ္စည်းတွေကြောင့် နာမည်ကျော်လာတဲ့အပြင် youtube က သူမရဲ့ channel မှာ ပြသခဲ့တဲ့ အနောက်တိုင်းဟောလိဝုဒ်မင်းသမီးတွေနဲ့ တူအောင် မိတ်ကပ်ပြင်နည်းတွေက သူမကို ကမ္ဘာကျော်စေခဲ့တာပါ။

အအောင်မြင်ဆုံးနဲ့ လူသိအများဆုံးဖြစ်သွားစေတဲ့ youtube မှာ သူမကိုယ်တိုင် အနောက်တိုင်း ဟောလိဝုဒ်ဆယ်လီတွေဖြစ်တဲ့  Kylie Jenner နဲ့ Taylor Swift တို့နဲ့ ပုံစံတူအောင် မိတ်ကပ်လိမ်းပြတဲ့ video နှစ်ခုပါ။ ဒီ video နှစ်ခုမှာ pony က အသွင်ပြောင်းမိတ်ကပ်မှာ ဘယ်လောက်တော်တယ်ဆိုတာ အားလုံးလက်ခံသွားတဲ့ အထိပါပဲ။ နောက်ပိုင်းမှာတော့ ဒီ video နှစ်ခုကို  Instagram  မှာ ပြန်လည်တင်ပေးခဲ့ပါတယ်။ Youtube မှာလည်း ရှာကြည့်နိုင်ပါတယ်။ Pony  tutorials လို့ youtube မှာ ရိုက်ပြီး လေ့လာနိုင်ပါတယ်။

Pony ရဲ့ youtube  channel မှာ subscribers ခြောက်သိန်းကျော်ရှိပြီး တောင်ကိုရီးယားမှာ အအောင်မြင်ဆုံး မိတ်ကပ် blogger တစ်ယောက်ပါ။ သူမရဲ့ နာမည်အရင်းက Hye-Min Park လို့ခေါ်ပြီး pony ကတော့ nickname တစ်ခုပါ။  သူမအကျွမ်းကျင်ဆုံး အရာတစ်ခုကတော့ smokey eye ခြယ်သတာပါ။ ဒီ smokey eye ဟာဆိုရင် K-pop လောကရဲ့ ပုံစံတစ်ခုလို့ တင်စားလို့ရပါတယ်။

 . 

Pony ရဲ့ မိတ်ကပ် tutorials တော်တော်များများက အင်္ဂလိပ်စာတမ်းထိုးတွေပါ။ ကိုရီးယားစကားနားမလည်တဲ့ သူတွေအတွက်လည်း သူမရဲ့ tutorials တွေက အလွန်အဆင်ပြေပါတယ်။ Pony က နာမည်ကျော် 2NE1 အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ CL နဲ့ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးပါ။ အရင်တုန်းက CL မိတ်ကပ်တော်တော်များများကို pony ကပဲ လိမ်းခြယ်ပေးခဲ့တာပါ။ သူမက မိတ်ကပ် blogger တစ်ယောက်ဖြစ်တဲ့အပြင် graphic designer တစ်ဦးအနေနဲ့လည်း အလုပ်လုပ်ပါတယ်။ အထူးသဖြင့် သူမရဲ့ ကိုယ်တိုင် website က ဒီဇိုင်းတွေဟာဆိုရင် သူမကိုယ်တိုင် ဖန်တီးထားတာပါ။

 

မိတ်ကပ်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့အပြင် အလှအပရေးရာစာအုပ်တွေနဲ့ ဗီဒီယိုခွေတွေကိုလည်း ထုတ်လုပ်ဖြန့်ချီပါတယ်။ အလှအပနဲ့ ပတ်သက်ပြီး သူမရေးသားထုတ်ဝေထားတဲ့ စာအုပ် စုစုပေါင်း ၄ အုပ်ရှိပါတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ အလှအပရေးရာစာအုပ်ကို အွန်လိုင်းပေါ်မှာ ဝယ်ယူနိုင်ပါတယ်။ ကျန်စာအုပ်တွေကိုတော့ တောင်ကိုရီးယားမှာပဲ ဝယ်ယူလို့ရပါတယ်။

Pony က အရောင်တောက်တောက်တွေကို ကြိုက်နှစ်သက်သူတစ်ဦးပါ။ အထူးသဖြင့် ပန်းရောင်ဆံပင်ကို သူမပိုပြီးမြတ်နိုးတာကိုတွေ့ရပါတယ်။ သူမရဲ့ tutorials တွေမှာတော့ rosy gold အရောင်ကို မကြာခဏ အသုံးပြုထားတာကို သတိထားမိပါတယ်။
ဒီလောက်ဆိုရင်တော့ ပျိုမေတို့လည်း pony အကြောင်းကို အနည်းကျဉ်းသိပြီးလောက်ပါပြီ။ Pony ရဲ့ မိတ်ကပ် tutorials တွေကို လေ့လာချင်တယ်ဆိုရင်တော့ သူမရဲ့ youtube နဲ့ Instagram မှာ သွားရောက်လေ့လာနိုင်ပါတယ်။

Image source: www.instagram.com/ponysmakeup/

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password