
Rihanna ရဲ့ Fenty Beauty ကတော့ ပစ္စည်းသစ်မထွက်တာ ခပ်ကြဲကြဲလေးဖြစ်သွားပေမယ့် အခုလက်ရှိမှာတော့ ပစ္စည်းသစ်ထွက်ရှိဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ပစ္စည်းသစ်အတွက် သူမရဲ့ Instagram နဲ့ Fenty Beauty ရဲ့ Instagram တွေမှာ စတင်မိတ်ဆက်ပေးနေတာကိုလည်း တွေ့ရပါတယ်။ အခုတခါ ထွက်ရှိမယ့် product အသစ်ကတော့ brand တော်တော်များသိပ်မတွေ့ရတဲ့ product မျိုးပါ။
ဒီ product လေးဟာ မိန်းကလေးတိုင်းအတွက် must have ထဲမှာ ပါဝင်လာအုံးမယ့် product တခုဆိုလည်း မမှားနိုင်ပါဘူး။ ဒါဆိုဘယ်လို product မျိုးလည်း ကြည့်လိုက်ရအောင်နော်။ Rihanna ကတော့ ဒီ product ကို BodyLava လို့ အမည်ပေးထားပါတယ်။ body luminizer လို့လည်း ခေါ်ပါတယ်။ သူကတော့ ခန္ဓာကိုယ် အဓိကသုံးပြုတာကို ပြထားပါတယ်။ Liquid type ဖြစ်ပြီးဒီ luminizer အရည်ထဲမှာ Glitter အမှုန်လေးတွေပါဝင်တဲ့ pearl shade နဲ့တူတဲ့ အရည်လေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ညဘက် Dinner, Party လို ပွဲမျိုးသွားဖို့ အသုံးပြုမယ်ဆိုရင်တော့ မီးရောင်အောက်မှာ ကိုယ့်ရဲ့ လည်ပင်းတဝိုက်မှာရှိတဲ့ collar-bone တွေ၊ အင်္ကျီကျောပြောင်ဝတ်တဲ့အခါ ကြည့်ကောင်းဖို့ရန် ပေါ်လွင်ဖို့အတွက် အသုံးများကြပါလိမ့်မယ်။
သူ့မှာတော့ BROWN SUGAR နဲ့ WHO NEEDS CLOTHES ဆိုတဲ့နာမည်အသီးသီးရှိပြီး အရောင် ၂မျိုးထွက်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီ product ဟာ Fenty Beauty ရဲ့ Body Category အတွက် ပထမဆုံး product တစ်ခုလည်းဖြစ်ပါတယ်။ မိန်းကလေးတိုင်း လိုအပ်ပြီး ဆောင်ထားသင့်တဲ့ ပစ္စည်းလေးဖြစ်လို့ Fenty Beauty အတွက် ဒီပစ္စည်းလေးထုတ်လုပ်လိုက်တာဟာ တော်တော်လေး စိတ်ကူးကောင်းတယ်လို့ ထင်မိပါတယ်။