
Fenty Beauty by Rihanna ဆိုတာတော့ မကြာသေးခင်ကမှ စတင်မိတ်ဆက်ပေးခဲ့တဲ့ brand တစ်ခုဖြစ်တာကို အားလုံးသိကြပြီးဖြစ်ပါတယ်။ Beauty Product မျိုးစုံထွက်ရှိထားပြီး အချိန်အနည်းငယ်အတွင်းမှာတင် မိန်းကလေးအများစုကြားမှာ ရေပန်းစားနာမည်ကြီးလာတဲ့ brand တစ်ခုလည်းဖြစ်လာပါတယ်။ အခုဆို Fenty Beauty Cosmetic တွေဟာ လူအများလက်ထဲ ရောက်ရှိပြီးသားမို့ ပစ္စည်းအရည်အသွေးတွေကို သိရှိထားပြီး တချို့ ပစ္စည်းတွေဆို Sold Out ဖြစ်သွားတဲ့ အနေထားထိပါရောက်ရှိလာခဲ့ပါတယ်။ လက်ရှိထွက်ရှိထားတဲ့ ပစ္စည်းတွေထဲမှာ Foundation, Lip Gloss နဲ့ Freestyle Highlighter တို့ဟာဆိုရင် အရမ်းကိုလူကြိုက်များပြီး နာမည်ရလာတဲ့ ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ စက်တင်ဘာလ ၇ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး ပစ္စည်းမထွက်ခင်ကတည်းက Beauty Lover တွေအနေနဲ့ ရင်ခုန်စွာစောင့်မျှော်ခဲ့ရတာပါ။ ခုလည်းအသစ်ထွက်ရှိပြီး ၂ပတ်အကြာ(Thursday Sept. 21) မှာနောက်ထက် Collection အသစ်ကို အောက်တိုဘာလ ၁၃ရက်နေ့မှာ စတင်ရောင်းချပေးတော့မည့်အကြောင်းကိုပါ သူမရဲ့ Instagram မှာ တင်ပြီးပြောပြထားပြန်ပါတယ်။
Oct 13 မှာထွက်ရှိလာတော့မည့် ပစ္စည်းအသစ်ကို Galaxy Holiday Collection လို့နာမည်ပေးထားပါတယ်။ ဒီ Galaxy Holiday Collection အသစ်မှာလည်း Lipstick, Glosses, Liquid Eyeliner, Eyeshadow palette and even a makeup brush တွေပါဝင်မှာဖြစ်ပါတယ်။ Eyeshadow palette ကတော့ shimmer shades တွေပါဝင်မှာဖြစ်ပြီး အားလုံးကတော့ အခုထွက်ရှိလာမည့် Collection ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတာကိုလည်း တွေ့ရှိရပါတယ်။ နောက်ထွက်ရှိလာမည့် Collection ရဲ့ Pakaging ကတော့ Rainbow iridescent ဆိုတဲ့အတိုင်း သက်တန့်ရောင်စဉ်လို အရောင်တွေနဲ့ ပြိုးပြိုးပြက်ပြက်တောက်ပတဲ့ ဒီဇိုင်းပုံစံကို Short Video မှာမိတ်ဆက်ထားတာတွေ့ရပါတယ်။ သူမကတော့ သူ့ Fenty Beauty Loyal Fans တွေကို သူမရဲ့ ပစ္စည်းတွေအတွက် ဆန်းသစ်ဖန်တီးမှုအပိုင်း လှပသေသပ်မှုအပိုင်းတွေကို အကောင်းဆုံးနဲ့ အမြင့်ဆုံးအထိ ပြုလုပ်သွားမယ်လို့ ကတိပေးထားပါတယ်။
ဒါဆိုချစ်တို့ရော Rihanna ရဲ့ Oct 13 မှာထွက်ရှိမည့် Fenty Beauty ပစ္စည်းအသစ်တွေကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပြီလား? ကိုယ်ကတော့ Galaxy Holiday Collection အသစ်နဲ့အတူ Product Review တွေကို ရင်ခုန်စွာစောင့်ဆိုင်းရင်း အရမ်းကိုကြည့်ချင်မြင်ချင်ဖြစ်နေမိပြီကွယ်…!