Rihanna ရဲ့ Soft Matte Longwear Foundation လေးအကြောင်း

စက်တင်ဘာလ ၇ရက်နေ့မှာ စတင်ရောင်းချခဲ့တဲ့ Rihanna ရဲ့ Fenty Beauty Cosmetic တွေဟာ လူငယ်တွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ သူတို့ Idol တစ်ယောက်ရဲ့ Brand တစ်ခုဖြစ်တာကြောင့်ရော ပစ္စည်းအရည်သွေးကောင်းတာကြောင့်ပါ လူအများရဲ့စိတ်ဝင်စားမှုကို ရရှိလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Sephora Brand ကနေ ထွက်လာတဲ့ ပစ္စည်းတစ်ခုဖြစ်တာကြောင့် Quality အပိုင်းကတော့ ပြောစရာမလိုအောင် ကောင်းပြီးသားဖြစ်ပါတယ်။ အခု Fenty Beauty Brand ထဲကနေ Cosmetic တခုဖြစ်တဲ့ Foundation လေးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

            

Pro Filt’R Soft Matte Longwear Foundation ဆိုတဲ့ ဟာလေးပဲဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ Color ရွေးချယ်စရာ အရောင် ၄၀ ထိရှိတဲ့အတွက် အသားရောင်အမျိုးမျိုးအတွက် အရမ်းကိုအဆင်ပြေစေတာပါပဲ။ မိမိကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အသားအရမ်းဖြူလွန်းတဲ့ သူတွေအတွက် Light ထဲကရွေးချယ်လို့ရပြီး သာမန်ဖြူတဲ့သူတွေအတွက်ကတော့ Medium ထဲကရွေးလို့ရပါတယ်။ အသားညိုတဲ့သူတွေဆို Tan ထဲကရွေးသုံးလို့ ရပါတယ်။ အသားအဆုံးစွန်ထိ ညိုတဲ့သူတွေဆို Deep ထဲကကြိုက်နှစ်သက်အရောင်ကို ရွေးပြီးသုံးလို့ရပါတယ်။ Soft matte ဖြစ်ပြီး Medium Coverage ဖြစ်တာကြောင့် လူတိုင်းကြိုက်နှစ်သက်နေတာလည်းဖြစ်နိုင်ပါတယ်။ Longwear Foundation ဆိုတဲ့အတွက် Long lasting ဖြစ်ပါတယ်။ Oil Free ဖြစ်တဲ့အတွက်ကြောင့် အဆီပြန်တတ်တဲ့သူတွေလည်း သုံးလို့အဆင်ပြေနိုင်ပါတယ်။ ချွေးစိုခံ ရေစိုခံနိုင်ဖို့အတွက်လည်း resistant ဖြစ်အောင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

 


သူ့ရဲ့ အသုံးပြုပုံကတော့ သာမန် Make Up Foundation တွေသုံးသလို အသုံးပြုနိုင်ပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့ Fenty Beauty by Rihanna ဆိုတဲ့ Foundation လေးအကြောင်းကို သိလောက်ပြီပေါ့နော်။

 

Image Source : https://www.fentybeauty.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password