မျက်နှာအသားအရေကို ဗီတာမင်ဓာတ်လေးတွေနဲ့ ပြန်လည်ဖြည့်တင်းကြမယ်……

အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးပါရှင့်။ ဒီနေ့မှာတော့ ကျန်းမာသန်စွမ်းတဲ့အသားအရေပိုင်ဆိုင်နိုင်စေဖို့ရန်အတွက် ပုံမှန် အသုံးပြုသင့်တဲ့ Vitamin Serums လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

အဓိက ဒီ Serums လေးတွေရဲ့လုပ်ဆောင်ချက်ကတော့ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေကို သက်သာစေပြီး မွဲခြောက်နေတဲ့အသားအရေကို ပြန်လည်နူးညံ့စိုပြေစေပါတယ်။ Hydrogel Encapsulated Technology ကို အသုံးပြုထားတဲ့အတွက်ကြောင့် သာမန် Serum တွေနဲ့ မတူပဲ စုပ်ယူမှုပိုအားကောင်းပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ရန်အတွက် Skin Booster Vitamin Shot Time-Restoring, Skin Booster Vitamin Shot Brightening နဲ့ Skin Booster Vitamin Shot Hydrating ဆိုပြီး သုံးမျိုး ထုတ်လုပ်ထားပါတယ်။

Skin Booster Vitamin Shot Time-Restoring

ငယ်ရွယ်နုပျိုတဲ့အသားအရေကို ပြန်လည်ဖန်တီးပေးနိုင်မယ့် Vitamin A, အသားအရေကို တင်းရင်းစေမယ့် Red Algae နဲ့ အသားအရေကို ပြန်လည်တင်းရင်းစေနိုင်မယ့် Vegan Collagen တို့ပါဝင်ပါတယ်။

Skin Booster Vitamin Shot Brightening

မွဲခြောက်နေတဲ့အသားအရေကို တိုက်ထုတ်ပေးနိုင်မယ့် Vitamin C, အမဲစက်တွေကို လျော့နည်းစေနိုင်မယ့် Licorice နဲ့ အသားအရောင်ကို ပိုမိုဝင်းပလာစေမယ့် Vitamin B3 တို့ပါဝင်ပါတယ်။

Skin Booster Vitamin Shot Hydrating

ခြောက်သွေ့မှုနဲ့ ရေဓာတ်ခမ်းခြောက်မှုကို ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် Hyaluronic Acid, အသားအရေကို ပြန်လည်စိုပြေစေပြီး အားပြန်ဖြည့်ပေးမယ့် Vitamin E, အသားအရေကို ချောမွေ့စေမယ့် Aloe Vera တို့ပါဝင်ပါတယ်။

Moisturizer အသုံးမပြုခင် အသုံးပြုနိုင်ပြီး အစိုဓာတ်စုပ်ယူမှုအားကောင်းအောင် ပံ့ပိုးပေးပါတယ်။ ဈေးနှုန်းအားဖြင့် 13$ ကျသင့်ပြီး Branded Online Shop တို့မှာ မှာယူရရှိနိုင်ပါတယ်။

Image Source: www.physiciansformula.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password