နှုတ်ခမ်းသားလေးတွေ မည်းနေတာကို ဘယ်လို ပျောက်အောင် လုပ်လို့ ရမလဲ

ပျိုမေလေးတို့ အတွက်ကတော့ နှုတ်ခမ်းသားလေးတွေက ပန်းသွေးရောင်လေးတောက်ပြီး စိုစိုပြေပြေလေး ဖြစ်နေမှ ကြည့်လို့ အကောင်းဆုံး ဖြစ်နေမှာ သေချာပါတယ်။ နှုတ်ခမ်းသားတွေက မည်းနေမယ် ဆိုရင် ကြည့်လို့ကောင်းမှာ မဟုတ်ပါဘူး။ နှုတ်ခမ်းသားလေးတွေကို သဘာဝအတိုင်း နူးညံ့ပြီး ပန်းနုရောင်လေး ဖြစ်နေစေဖို့ နည်းလေးကို ပြောပြပေးချင်ပါတယ်။

ပထမနည်းလေးကတော့

သကြားညိုနဲ့ ပျားရည်ကို အသုံးပြုပေးတာပဲ ဖြစ်ပါတယ်။ သကြားကိုမှ အဖြူရောင် သကြားက အရောင်ချွတ်ဆေးတွေ အသုံးပြုထားတာ များတာမို့ သကြားညိုကို အသားပေး အသုံးပြုပေးပါ။ တကယ်လို့ သကြားညို မရှိဘူး ဆိုရင်တော့ ရိုးရိုးသကြား အဖြူကိုလည်း အသုံးပြုပေးလို့ ရပါတယ်။ ပြုလုပ်ရမယ့်နည်းလေးကတော့ သကြားညို တစ်ဆမှာမှ ပျားရည် တစ်ဆကို ပေါင်းထည့်ပြီး ရောလိုက်ပါ။ ပြီးမှ ရလာတဲ့ အနှစ်လေးကို နှုတ်ခမ်းသားလေးတွေ အပေါ် အသာအယာ ပွတ်တိုက်ပေးပါ။ သကြားကတော့ Scrub ပြုလုပ်တဲ့နေရာမှာ အကောင်းဆုံး အရာတွေထဲက တစ်ခု ဖြစ်ပြီး နှုတ်ခမ်းသားပေါ်က သေနေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးနိုင်ပြီး ပျားရည်ကတော့ နှုတ်ခမ်းသားလေးတွေကို ပြန်လည် စိုပြေစေနိုင်ပါတယ်။ နှုတ်ခမ်းသား တစ်ခုလုံးကို သေသေချာချာလေး ပွတ်တိုက်ပြီးရင်တော့ မိနစ်လောက် ထားလိုက်ပါ။ ပြီးမှ ရေနဲ့ ပြန်လည် သန့်စင်ပေးလိုက်ပါ။ ဒီနည်းလေးကိုတော့ တစ်ပတ် ကြိမ် ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

ဒုတိယနည်းလေးကတော့

အလှအပရေးရာအတွက် မပါမဖြစ် ပါနေကျ ရှားစောင်းလက်ပပ်နဲ့ သံလွင်ဆီပဲ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ် အနှစ်ကို သံလွင်ဆီနဲ့ ပုံတစ်ပုံ ပမာဏရှိအောင် ရောစပ်လိုက်ပါ။ နှုတ်ခမ်းသားလေးတွေထဲ စိမ့်ဝင်သွားအောင် အသာအယာ လိမ်းပေးပါ။ ခြောက်သွေ့ အက်ကွဲပြီး မည်းနေတဲ့ နှုတ်ခမ်းသားလေးတွေ အတွက် ဒီနည်းလေးကတော့ အကောင်းဆုံးနည်းလေးပါ။ ရှားစောင်းလက်ပပ်နဲ့ သံလွင်ဆီမှာ ပါဝင်တဲ့ဓါတ်တွေ နှုတ်ခမ်းသားလေးတွေ အထဲ စိမ့်ဝင်သွားအောင် ၁၀ မိနစ်လောက် ထားပေးပါ။ ပြီးသွားရင်တော့ ရေနဲ့ မျက်နှာသစ် ဆပ်ပြာကို အသုံးပြုပြီး သန့်စင်သွားအောင် ပြန်လည်ဆေးကြောပေးလိုက်ပါ။

 

အခု ပြောပြပေးထားတဲ့ သဘာဝနည်းလေး နှစ်နည်းကတော့ နှုတ်ခမ်းသားလေးတွေ မည်းနေတာကို ပျောက်ကင်းသွားစေနိုင်ပြီး ပန်းသွေးရောင် တောက်နေစေတဲ့နည်းလေးတွေပါ။ ဒီနည်းလေးတွေကို တစ်ပတ် ကြိမ်ခန့် မှန်မှန်လေး ပြုလုပ်ပေးပါက နှုတ်ခမ်းသားလေးတွေက သဘာဝ အတိုင်း ပန်းနုရောင်တောက် လှပနေမှာ သေချာပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password