ကြည်လင်တောက်ပပြီး စိုပြေနေတဲ့ အသားရေလေးကို ပိုင်ဆိုင်နိုင်ဖို့

အသားအရေဆိုတာကတော့ လူတစ်ယောက်ရဲ့ အခြေခံ အလှတရားလို့တောင် ဆိုနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ အသားအရေလေး လှနေတာကတော့ မျက်နှာမှာ မိတ်ကပ် မလိမ်းရင်တောင် ကြည့်လို့ကောင်းနေစေမှာပါ။ တကယ်လို့ မိတ်ကပ်လိမ်းလိုက်တဲ့အချိန်မှာဆိုရင်လည်း လှနေတာကို ပိုလှသွားစေနိုင်တဲ့အတွက် အသားအရေလေး ကြည်လင်စေဖို့ ပြုလုပ်ပေးရမှာတွေကို ပြောပြပေးချင်ပါတယ်။

အစားအသောက်ကို ဆင်ခြင်ပါ

စားချင်တာပဲ ဆိုပြီး စားချင်တာတွေကို မဆင်မခြင် မစားရပါဘူး။ အဆီများတဲ့အစားအစာတွေ၊ အသင့်စား အစားအစာတွေကို တတ်နိုင်သလောက် ရှောင်ရှားပေးပါ။ လတ်ဆတ်တဲ့ အစားအစာတွေ အသီးအနှံတွေကို စားပေးတာကတော့ အသားအရေ ကြည်လင်စေဖို့ အကောင်းဆုံး အစားအစာတွေပဲ ဖြစ်ပါတယ်။ အရသာ ပြင်းတာတွေကို ရှောင်ပါ။ ဥပမာအချဉ်၊ အစပ်၊ အငန်တွေကို ရှောင်ပါ။ အရသာပြင်းတဲ့အစားအစားတွေက ဝက်ခြံဖြစ်ပွါးမှုကို အားပေးနိုင်တဲ့အတွက် အရသာမပြင်းတာတွေကိုပဲ များများ စားသုံးပေးပါ။

အစိုဓါတ်ကို အလေးထားပါ

အသားအရေလေး စိုပြေနေစေဖို့ အတွက်ကတော့ အစားအသောက် တစ်ခုထဲနဲ့တင် မရနိုင်ပါဘူး။ အသားအရေရဲ့ အစိုဓါတ်ကိုလည်း အလေးထားရမှာပါ။ နေပူထဲထွက်တော့မယ့်အချိန်ဆိုရင် Sun Cream လိမ်းပြီးမှာ အပြင်ထွက်တာမျိုးကို ပြုလုပ်ပေးပါ။ ပုံမှန် အချိန်တွေမှာလည်း အစိုဓါတ်ဖြည့် ခရင်တွေကို လိမ်းပေးပါ။ အသားအရေကို လေဒဏ် နေဒဏ် တိုက်ရိုက် မထိတွေ့နိုင်အောင် အကာအကွယ် တစ်ခုခု ပြုလုပ်ပေးထားရမှာပါ။ အသားအရေတွေ ခြောက်သွေ့ မနေအောင် Lotion ကို ပုံမှန် လိမ်းပေးဖို့ အရေးကြီးပါတယ်နော်။

အလှကုန်တွေကို သေချာ ရွေးချယ်ပါ

အသားအရေ အမျိုးအစားအပေါ်မူတည်ပြီး အလှကုန်တွေကို ရွေးချယ် အသုံးပြုပေးပါ။ မိမိ အသားအရေနဲ့ လိုက်ဖက်တာမျိုးကို ရွေးချယ်ပြီး အသုံးပြုပေးမှ အဖု အပိန့်ကင်းပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အလှကုန်တိုင်းမှာ အသားအရေ အမျိုးအစားလိုက်ပြီး ထုတ်လုပ်ထားတဲ့အတွက် မိမိ အသားအရေက အဆီပြန်တဲ့အသားအရေလား၊ ခြောက်သွေ့တဲ့အသားအရေလား၊ အထိခိုက် မခံတဲ့အသားအရေလားဆိုတာကိုတော့ သိထားမှ ဖြစ်မှာပါ။ ဒါမှ အသားအရေနဲ့ လိုက်တဲ့အလှကုန်ကို ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password