ဆားဝက်ခြံတွေ ကင်းစင်တဲ့မျက်နှာလေး ဖြစ်ဖို့

အလှတရားကို ချစ်မြတ်နိုးတဲ့မိန်းကလေးတွေအတွက် စိတ်အနှောင့်အယှက်ပေးနိုင်လွန်းတဲ့ အရာတွေထဲက တစ်ခုကတော့ ဆားဝက်ခြံတွေပဲ ဖြစ်ပါတယ်။ ရိုးရိုးဝက်ခြံတွေကတော့ မိန်းကလေးတိုင်း မရှိပေမယ့် ဆားဝက်ခြံကတော့ မိန်းကလေးတိုင်းမှာ ဖြစ်တတ်တဲ့အတွက်ပါ။ မျက်နှာမှာ ဆားဝက်ခြံတွေ ရှိနေတာတော့ မိတ်ကပ်လိမ်းတဲ့အချိန် မိတ်ကပ်သားတွေ မညီညာတာမျိုးတွေ မိတ်ကပ်ကွက်တာတွေကို ဖြစ်စေနိုင်ပြီး အလှတွေကို လျော့နည်းစေနိုင်ပါတယ်။ ဆားဝက်ခြံတွေ ကင်းစင်တဲ့မျက်နှာလေး ဖြစ်ဖို့ ပြုလုပ်ပေးရမယ့် အချက်တွေကို ဝေမျှလိုက်ရပါတယ်။

ဆဲလ်သေတွေကို ဖယ်ရှားပေးပါ

အသားအရေ အပေါ်ယံမှာ ရှိတဲ့ဆဲလ်တွေက အမြဲ ပြောင်းလဲနေပါတယ်။ ဆဲလ်သေတွေက အသားအရေပေါ်မှာ ပိတ်ဆို့နေတာကတော့ ဆားဝက်ခြံတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ Scrub ပြုလုပ်ပေးတာကတော့ ဆဲလ်သေတွေကို ဖယ်ရှားနိုင်ဖို့ အတွက် အကောင်းဆုံးနည်းလမ်းလေးပဲ ဖြစ်ပါတယ်။ မျက်နှာမှာ ရှိတဲ့ဆဲလ်သေတွေကို ဖယ်ရှားနိုင်ဖို့ အတွက် တစ်ပတ် တစ်ကြိမ် မျက်နှာကို Scrub ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။

သန့်ရှင်းပါ

မျက်နှာ အသားအရေ ညစ်ပတ်တာကလည်း ဆားဝက်ခြံတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ မျက်နှာကို သန့်ရှင်းအောင် ထားပေးဖို့ အရေးကြီးပါတယ်။ အိပ်ခါနီးတိုင်း မိတ်ကပ်တွေကို ဖျက်ပြီး မျက်နှာကို သေချာ ပြောင်စင်အောင် သစ်ပေးပါ။ ညအချိန်မှာ မျက်နှာမှာ ရှိတဲ့ဆဲလ်တွေက ပြုပြင်ပြောင်းလဲနေတဲ့အတွက် တစ်နေ့တာလုံး လိမ်းထားတဲ့မိတ်ကပ်တွေကို မဖျက်မိဘူးဆိုရင်တော့ ချွေးပေါက်တွေမှာ အညစ်အကြေးတွေ ပိတ်နေပြီး ဆားဝက်ခြံတွေ မကဘဲ ရိုးရိုးဝက်ခြံတွေပါ ပေါက်လာစေနိုင်ပါတယ်။

အရေးအကြီးဆုံးက လက်နဲ့ မကိုင်ပါနဲ့

ဆားဝက်ခြံလေးတွေက မျက်နှာမှာ ဖုဖုလေးနဲ့ဆိုတော့ လက်နဲ့ သွားကိုင်မိတတ်ပါတယ်။ ဆားဝက်ခြံတွေကို လက်နဲ့ ကုတ်ဖဲ့မိလိုက်တဲ့အချိန် ဝက်ခြံတွေကနေ အနာတွေ ဖြစ်ပြီး မျက်နှာမှာ အမာရွတ်တွေ အမည်းစက်တွေ အဖြစ် ကျန်နေတတ်လို့ပါ။ မျက်နှာ အသားအရေက သိပ်ကို နူးညံ့လွန်းတာမို့လို့ တတ်နိုင်သလောက် လက်နဲ့ မကိုင်မိပါစေနဲ့။ ဆားဝက်ခြံတွေကို  Scrub ပြုလုပ်ပြီး ဖယ်ရှားပေးပါ။ လက်နဲ့ ညှစ်တာမျိုး၊ ကုတ်ဖဲ့လိုက်တာမျိုးကို လုံးဝရှောင်ရှားပေးရမှာပါ။

အခု ပြောပြထားတဲ့ အချက်လေး ချက်ကိုသာ ပြုလုပ်ပေးမယ်ဆိုရင်တော့ ဆားဝက်ခြံ ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password