ဆံသားတွေ အလှကို မထိခိုက်အောင် ဒီအချက်လေးတွေကို ရှောင်ပေးပါ

မိန်းကလေးတွေအတွက်ကတော့ ဆံပင်ဆိုတာ ဒုတိယမျက်နှာပါပဲ။ မျက်နှာလေးကိုတော့ ဝက်ခြံတွေ ကင်းစင်ပြီး အသားအရေလေး လှပအောင် ချောမွေ့အောင် ဆိုပြီး နည်းလမ်း အမျိုးစုံသုံးပြီး ပြင်ဆင်နေသလို ဆံပင်လေးတွေကိုလည်း မမေ့ထားနဲ့နော်။ မျက်နှာလေးလှနေသလို ဆံနွယ်လေးတွေကလည်း လှပနေမှ ဖြစ်မှာပါ။ ဆံနွယ်အလှကို မထိခိုက်ရအောင် ဒီအချက်လေးတွေကို ရှောင်ပေးပါနော်။

ခေါင်း ခဏတိုင်း မလျှော်ပါနဲ့။ ဘယ်လောက်ကောင်းတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုတယ် ဖြစ်စေ ခေါင်းလျှော်နည်းကို မှန်မှန်ကန်ကန် သုံးပြီး လျှော်တယ် ဖြစ်စေ တန်ဆေး လွန်ဘေး ဆိုတာကို သတိရပေးပါ။ ပုံမှတ် အတွက် ဆိုရင်တော့ ခေါင်းကို နေ့တိုင်း မလျှော်ပါနဲ့။ အလွန်ဆုံး နှစ်ရက် တစ်ကြိမ်သာ လျှော်ပေးပါ။ ခေါင်းခဏတိုင်း လျှော်တာကတော့ဆံသားတွေကို ခြောက်သွေ့စေနိုင်တဲ့အတွက်ပါ။

ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ရေခြောက်အောင် ဆိုပြီး ဆံသားတွေကို တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုးကို ရှောင်ပါ။ ဖွဖွလေးပဲ ဆံပင်က ရေတွေကို ခြောက်သွားအောင် သုတ်ပေးပါ။

ခေါင်းလျှော်ပြီးပြီးချင်း ဆံပင်မှာ ရေတွေစိုရွဲနေတဲ့အချိန် ချက်ချင်း Dryer ကို လေမမှုတ်ပါနဲ့။ ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ခေါင်းက ရေတွေ အနည်းငယ် ပြောင်သွားတဲ့အထိ တဘက်နဲ့ အသာအယာ သုတ်ပေးပါ။ ပြီးမှ Dryer ကို အသုံးပြုပေးပါ။ Dryer အသုံးပြုတဲ့အချိန်မှာလည်း လေအပူချိန်ကို မှန်ကန်နေပါစေ။ လေကို သိပ်ပူလွန်းတာမျိုးကို အသုံးမပြုပါနဲ့။ လေပြင်းလွန်းတာမျိုး ပူလွန်းတာမျိုးက ဆံသားတွေရဲ့ အစိုဓါတ်ကို ပျက်စီးစေတဲ့အတွက်ကြောင့်ပါ။

ခေါင်းလျှော်ရည်ကို မှန်ကန်စွာ ရွေးချယ်ပါ။ မိမိ ဆံပင်သားနဲ့ လိုက်ဖက်ညီတဲ့ခေါင်းလျှော်ရည်ကို ရွေးချယ် အသုံးပြုပေးပါ။ အဆီပြန်တတ်တဲ့ဆံပင်သားလား။ ခြောက်သွေ့တဲ့ ဆံပင်သားလား။ ဗောက်ထတတ်တဲ့ ဦးရေပြားလားဆိုတာအပေါ်လိုက်ပြီး ခေါင်းလျှော်ရည် အမျိုးအစားကို မှန်ကန်စွာ ရွေးချယ်ပေးပါ။

ခေါင်းလျှော်တဲ့အချိန်မှာလည်း ခေါင်းလျှော်ရည်ကို လိုသသလောက်ပဲ အသုံးပြုပေးပါ။ တချို့က ခေါင်းလျှော်တဲ့အချိန် အမြှုပ်များများထွက်မှ သဘောကျတတ်တဲ့အတွက် ခေါင်းလျှော်ရည်တွေကို အများကြီး အသုံးပြုတတ်တဲ့အတွက်ပါ။

အခုပြောပြပေးတဲ့ အချက်လေးတွေကို ရှောင်ရှားပေးမယ်ဆိုရင်တော့ ဆံပင်သားလေးတွေက လှပပြီး လူတိုင်း ငေးရမယ့် ဆံနွယ် အလှကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password