နှုတ်ခမ်းကွဲတာ သက်သာပျောက်ကင်းအောင်…………

နှုတ်ခမ်းသားတွေ ခြောက်ပြီး အက်ကွဲလာတယ်ဆိုတာကတော့ ရာသီဥတုတိုင်း ဖြစ်ပေါ်တတ်တဲ့အရာဆိုပေမယ့် ဆောင်းတွင်းမှာ အဆိုးဆုံး ဖြစ်ပါတယ်။ နှုတ်ခမ်းသားလေးတွေ အက်ကွဲတာ ဆိုးလာရင်တော့ သွေးတောင် ထွက်လာနိုင်ပြီး အလှကို လျှော့နည်းစေတာထက် နေရခက်ပြီး နှုတ်ခမ်းသားတွေ နာကျင်နေမှာပါ။ ဒီလိုမျိုး မဖြစ်အောင် ပြုလုပ်ပေးရမယ့်အရာတွေနဲ့ ရှောင်ရှားရမယ့်အရာတွေကို Cosmetic Myanmar က ပြောပြပေးလိုက်ရပါတယ်။ ဒီအချက်လေးတွေကို လိုက်နာပေးမယ်ဆိုရင်တော့ ပန်းနုရောင်တောက်ပြီး နူးညံ့နေတဲ့နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။

ရေများများသောက်ပါ။ ရေဓါတ် ခမ်းခြောက်တာကလည်း နှုတ်ခမ်းသားတွေကို ပိုမို ခြောက်သွေ့စေနိုင်တဲ့အတွက် ရေဓါတ်ပြည့်ဝအောင် ရေကို တစ်နေ့ လီတာ အနည်းဆုံး သောက်သုံးပေးပါ။

နှုတ်ခမ်းသားလေးတွေကို ဆား (သို့) သကြားနဲ့ အသာအယာ ပွတ်တိုက်ပေးပါ။ နှုတ်ခမ်းသားတွေ အပေါ်က ပျက်ဆီးနေတဲ့ အရေပြားတွေကို ပြောင်စင်သွားအောင် ပွတ်တိုက်ပေးပါ။

နှုတ်ခမ်းသားတွေကို လျှာနဲ့ သပ်တာမျိုးက နှုတ်ခမ်းသားကို ပိုမို ခြောက်သွေ့စေနိုင်တဲ့အတွက် သတိထားရှောင်ရှားပေးပါ။

နှုတ်ခမ်းသားလေးတွေ အက်ကွဲတာ သက်သာစေရန် သခွါးသီးကို ပါးပါးလေး လှီးပြီး နှုတ်ခမ်းတွေကို ပွတ်တိုက်ပေးပါ။ သခွါးသီးမှာ ပါဝင်တဲ့ဓါတ်တွေက နှုတ်ခမ်းသားရဲ့ အစိုဓါတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက်ပါ။

ညအိပ်ခါနီးတိုင်း နှုတ်ခမ်းသားတွေကို ရှားစောင်းလက်ပပ်အနှစ်လိမ်းပေးပါ။ ရှားစောင်းလက်ပပ်ကတော့ အသားအရေအတွက် အကောင်းဆုံးလို့ ဆိုနိုင်မယ့် အရာတွေထဲက တစ်ခု ဖြစ်ပြီး မျက်နှာတွေကိုသာမကဘဲ နှုတ်ခမ်းသားလေးတွေကိုပါ လိမ်းပေးနိုင်ပါတယ်။

သံလွင်ဆီဆိုတာကတော့ နှုတ်ခမ်းသားလေးတွေ အတွက်လည်း အသုံးဝင်လှတဲ့အတွက် လိမ်းပေးနိုင်ပါတယ်နော်။

နှုတ်ခမ်းသားတွေကိုအဓိက အက်ကွဲတဲ့ အကြောင်းကတော့ ကိုယ်တွင်း ရေဓါတ်အားနည်းတာကြောင့်ရယ် နှုတ်ခမ်းသားတွေကို လေတိုက်ခံတာ များလို့ရယ်ကြောင့်ပါ။ အဲတာကြောင့် နှုတ်ခမ်းသားတွေကို လေတိုက်ရိုက် မထိတွေ့နိုင်အောင် ကာကွယ်ပေးရင် နှုတ်ခမ်းကွဲတာ သက်သာမှာပါ။

နေရောင်ခြည် ပြင်းတာကလည်း နှုတ်ခမ်းသားတွေကို ခြောက်သွေ့စေနိုင်ပါသေးတယ်။ နေပူထဲ ထွက်မယ်ဆိုရင် Moisturizing Lipsticks လိုမျိုးကို လိမ်းပြီးမှ သွားတာကတော့ နေရောင်ကြောင့် နှုတ်ခမ်းသားတွေ ပျက်ဆီးတာကို ကာကွယ်ပေးနိုင်မှာပါ။

 

ဒီနည်းလေးတွေကို လိုက်လုပ်ပေးပြီး နူးညံ့တဲ့ နှုတ်ခမ်းသားလေး တစ်စုံကို ပိုင်ဆိင်လိုက်ဖို့ ပြောပြပေးလိုက်ရပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password