ဝိတ်ကျစေဖို့အတွက် စားပေးသင့်တဲ့အစားအစာများ…

 

ဝိတ်ချချင်လို့ အစားရှောင်တယ်ဆိုရင်တောင် မနက်စာကိုတော့ ဗိုက်ပြည့်အောင်စားပေးသင့်ပါတယ်။ မနက်စာကိုရှောင်လိုက်ရင် တစ်နေလုံးဗိုက်ဆာနေပြီး ညနေစာကျမှ မခံနိုင်တော့လို့ ပိုစားမိလိုက်တာမျိုးဖြစ်လာရင် ဝိတ်မကျတဲ့အပြင် ပိုတောင် ဝလာပါသေးတယ်။

ဒါကြောင့် ဝိတ်ချတော့မယ်ဆိုရင် မနက်စာကို ဗိုက်ပြည့်အောင်စားပါ။ ကိုယ်စားတဲ့ အစားအသောက်တွေက ကယ်လိုရီ နဲ့ အဆီတွေ မြင့်မားတဲ့အစားအစာတွေ မဖြစ်အောင်သတိထားပါ။

ပရိုတင်းဓာတ်တွေပါတဲ့ အစားအစာတွေကို များများစားပေးပါ။ အဲ့လိုအစားအစာတွေက များများစားလဲ အဆီမတတ်ပဲ အဆာခံပါတယ်။ ခွန်အားလဲ ပြည့်ဝစေပါတယ်။

ဒါဆိုရင် ပရိုတင်းဓာတ်များတဲ့အစားအစာတွေက ဘာတွေလဲလလေ့လာကြည့်ကြစို့နော်။

  1. ဥ အမျိုးမျိုး

ဥအတွေဟာ အဟာရဓာတ်အပြည့်ဝဆုံး၊ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးအစားအစာပါ။ ဥတွေမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ မျက်လုံး နဲ့ ဦးနှောက်ကို အားကောင်းစေတဲ့ ဓာတ်တွေ၊ ပါဝင်ပါတယ်။

အဆီမတက်ပဲ အားပြည့်စေလို့ ပိန်ချင်သူပဲဖြစ်ဖြစ် ဝချင်သူပဲကဖြစ်ဖြစ် စားသုံးပေးသင့်ပါတယ်။

  1. ကြက်သား

ကြက်သားဟာလဲ ပရိုတင်းဓာတ်ကြွယ်ဝပြီး အားဖြစ်စေပါတယ်။ ကြက်သားကို မိမိနှစ်သက်သလို ပုံစံအမျိူးမျိုးနဲ့ စားသုံးလို့ရပါတယ်။

ဒါပေမယ့် မလိုအပ်တဲ့အဆီတွေမပါအောင် ဆီတွေအများကြီးနဲ့ ဆီပြန်ချက်တာ၊ ကြော်စားတာကိုရှောင်ပါ။

  1. ပဲအမျိုးမျိုး

ပဲတွေဟာလည်း ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်ပါ။

အသားတွေထက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဆီဓာတ်ပါဝင်မှု နည်းတာကြောင့် သက်သက်လွတ်သမားတွေ၊ ဝိတ်ချချင်သူတွေအနေနဲ့ ပဲတွေကိုပိုစားပေးသင့်ပါတယ်။

  1. ငါးအမျိုးမျိုး

ငါးတွေဟာလည်း ပရိုတင်းဓာတ်ကြွယ်ဝပြီး အဆီဓာတ်နည်းတဲ့အစားအသောက်ပါ။

ဒါ့အပြင် နှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့ အိုမီဂါ 3 ကြွယ်ဝပါတယ်။

  1. ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဗီတာမင်တွေ ပြည့်ဝစုံလင်တဲ့အစားအစာပါ။ ပရိုတင်းဓါတ်ကြွယ်ဝပြီး ကင်ဆာကိုတောင် တိုက်ဖျက်နိုင်စွမ်းရှိလို့ ဝိတ်ချဖို့ကြိုးစားနေသူတွေ များများစားပေးသင့်ပါတယ်။

 

 

 

 

Image Source:  www.pinterest.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password