မျက်နှာ အသားအရေကောင်းမွန်အောင် နွားနို့နဲ့ ပေါင်းတင်မယ်

မိန်းကလေးတွေတိုင်းအတွက် အရေးကြီးတဲ့နေရာကို ပြောပြပါဆိုရင်တော့ မျက်နှာလေးက နံပါတ်တစ် ဖြစ်နေမှာပါ။ မျက်နှာလေးမှာ ဝက်ခြံတွေ ကင်းစင်ပြီး ကြည်လင်တောက်ပတဲ့ အသားအရေလေးကို မိန်းကလေးတိုင်း မက်မောတတ်ကြပါတယ်။ အခု တစ်ခါ ပြောပြပေးချင်တာကတော့ နွားနို့ကို သုံးပြီး မျက်နှာကို ပေါင်းတင်လို့ ရမယ့်နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

ပါဝင်တဲ့ပစ္စည်းများ

နွားနို့ လက်ဖက်ရည်ဇွန်း ဇွန်း

သံပုရာရည် ဇွန်း

နနွင်းမုန့် အနည်းငယ်

ခွက် အလွတ် တစ်လုံးကို ယူပြီး ခွက်ထဲမှာ နွားနို့၊ သံပုရာရည်နဲ့ နနွင်းမုန့်တို့ကို ရောပြီး အနှစ်လေးတွေလို ဖြစ်သွားအောင် မွှေလိုက်ပါ။ မျက်နှာကို ဆပ်ပြာနဲ့ သေချာ သန့်စင်လိုက်ပြီး ရလာတဲ့ နွားနို့ အနှစ်တွေကို မျက်နှာ တစ်ပြင်လုံး နှံ့သွားအောင် လိမ်းပေးပါ။ အနှစ်တွေ မျက်နှာ အသားထဲ စိမ့်ဝင်သွားအောင် လက်ထိပ်လေးတွေ သုံးပြီး စက်ဝိုင်းပုံစံလေး ပွတ်ပြီး လိမ်းပေးပါ။ မျက်နှာ တစ်ခုလုံး နှံ့သွားအောင် လိမ်းပေးပြီးရင် နွားနို့တွေ ခြောက်သွားတဲ့အထိ ထားပေးပါ။ လိမ်းထားတဲ့နွားနို့တွေ ခြောက်သွားရင် မျက်နှာကို မျက်နှာသစ်ဆေးနဲ့ နွားနို့ အနှစ်တွေ ပြောင်စင်သွားအောင် ပြန်လည် ဆေးကြောပေးပါ။ မျက်နှာ သစ်ပြီးရင် မျက်နှာမှာ Cream တစ်ခုခုကို ပြန်လိမ်းပေးလိုက်ပါ။ အခု ပြောပြတဲ့ နွားနို့နဲ့ ပေါင်းတင်တဲ့နည်းလေးကိုတော့ တစ်ပတ်မှာ ကြိမ် ပြုလုပ်ပေးပါက မျက်နှာမှာ ရှိတဲ့ အသားအရေတွေကို ကောင်းမွန်စေနိုင်သလို မျက်နှာလေးကိုလည်း ပိုမို ဖြူဝင်းလာစေနိုင်ပါတယ်။

နွားနို့မှာ ပါဝင်တဲ့ဓါတ်တွေက အသားအရေ လှပဖို့ အတွက် အကောင်းဆုံး အထောက်အပံ့ကို ပေးနိုင်တဲ့ သဘာဝက ပေးတဲ့အရာလည်း ဖြစ်ပါတယ်။ နွားနို့ကို လိမ်းပေးတာကတော့ အသားအရေ အပေါ်မှာ ရှိတဲ့ အမာရွတ်တွေ အမည်းစက်တွေကိုလည်း သိသိသာသာ သက်သာ ပျောက်ကင်းစေနိုင်သလို ပျက်စီးနေတဲ့ဆဲလ်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်သစ်တွေ ပြန်လည် မွေးဖွာလာမှုကိုလည်း အကူအညီပေးနိုင်ပါတယ်။

Cosmetic Myanmar က ပြောပြပေးတဲ့ နွားနို့ ပေါင်းတင်နည်းလေးကို ပုံမှန် ပြုလုပ်ပေးပြီး မျက်နှာလေး ကြည်လင် ဝင်းမွတ်နေတဲ့အလှပိုင်ရှင်လေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password