ပြီးပြည့်စုံတဲ့ ပွဲတက်မိတ်ကပ်အတွက် အဆင့် (၁၄) ဆင့်

မိတ်ကပ်လိမ်းတယ်ဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိအောင်နဲ့ အများကြားမှာ ထင်ပေါ်ပြီး ကြည့်ကောင်းနေဖို့ပါပဲ။ ပွဲတစ်ခုခုကို တက်ရောက်တော့မယ်ဆိုရင်တော့ မိတ်ကပ်ကို ထသွားထလာ ပုံစံမျိုး ပြင်ဆင်လိုက်ရုံနဲ့ မလုံလောက်ပါဘူးနော်။ မိတ်ကပ်အဆင့်တိုင်း ပြင်ဆင်ပြီး ပြီးပြည့်စုံတဲ့မိတ်ကပ်ပြင်ဆင်မှုမျိုးနဲ့ ပြင်ဆင်သွားဖို့ အရေးကြီးပါတယ်။ ဒီအတွက် .   ပြီးပြည့်စုံတဲ့ ပွဲတက်မိတ်ကပ် ပြင်ဆင်ပုံ အဆင့် (၁၄) ဆင့်ကို ပြောပြပေးလိုက်ရပါတယ်။

(1) Cleanser ကို သုံးပြီး မျက်နှာကို သန့်စင်ပေးပါ။

(2) တိုနာ လိမ်းပေးပါ။

(3) Serum ကို ထပ်လိမ်းပေးပါ။

(4) အမည်းစက်၊ အမာရွတ်နဲ့ ဝက်ခြံတွေရှိတယ်ဆိုရင် Spot Correcting or Acne Treatment ကို အသုံးပြုပေးပါ။

(5) မျက်ကွင်းညိုတာတွေအတွက် Eye Cream ကို မျက်လုံးအောက်တွေမှာ လိမ်းပေးပါ။

(6) Moisturizer ထပ်လိမ်းပေးပါ။

(7) နေလောင်ကာခရင်မ် လိမ်းပါ။

(8) Primer ကို အရင်ဆုံး အသုံးပြုပေးပါ။

(9) အောက်ခံမိတ်ကပ် (သို့) BB Cream ကို ထပ်လိမ်းပေးလိုက်ပါ။

(10) မျက်နှာမှာ ရှိတဲ့အမာရွတ်၊ အမည်းစက်တွေကို အကုန်အစင် ပျောက်သွားစေဖို့အတွက် Concealer ကို ထပ်မံ အသုံးပြုပေးပါ။

(11) ပြီးရင်တော့ အပေါ်ကနေ ပေါင်ဒါမှုန့် ပုတ်ပေးပါ။

(12) မိတ်ကပ်သားကို ညက်ညက်လေးနဲ့ ကြည်လင်ပြီး ကြည်ကောင်းနေသလို ဖြစ်စေဖို့အတွက်ကတော့ Bronzer ကို မေ့ထားလို့ မရပါဘူးနော်။

(13) နောက်တစ်ဆင့်အနေနဲ့ကတော့ ပါးနီကို လိမ်းခြယ်ပေးပါ။

(14) အကုန်လုံး ပြင်ဆင်ပြီးသွားလို့ နောက်ဆုံးအဆုံးသတ် ပြင်ဆင်မှုအတွက်ကတော့ မျက်နှာကို Face Spray ဖြန်းပေးလိုက်ရုံပါပဲ။ Spray ဖြန်းပေးတာကတော့ မိတ်ကပ်သားတွေကို ညက်သွားစေနိုင်သလို မိတ်ကပ်သားကိုလည်း ပိုပြီး ကြာရှည်ခံစေနိုင်ပါတယ်။

ဒီအဆင့် (၁၄) ဆင့်ကို နံပါတ်စဉ်လေးတွေအတိုင်း အသုံးပြုပြီး အလှဆုံး မိတ်ကပ်လိမ်းခြယ်ထားပုံနဲ့ အများကြားမှာ ထင်ပေါ်နိုင်ပါစေလို့ ပြောပြပေးလိုက်ရပါတယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password