ရေမွှေးအမျိုးအစားအလိုက် ရနံ့လေးတွေကွာခြားရတဲ့အကြောင်း

ရေမွှေးနံ့လေးတွေက လူတွေကိုစိတ်ရွှင်လန်းစေတယ်ဆိုပေမယ့် တစ်ခါတစ်လေများ ရေမွှေးပုလင်းမှောက်ကြလာသလိုအများကြီးဆွတ်ထားတဲ့သူနဲ့တွေ့ရင်တော့ စိတ်အနှေင့်အယှက်ရဖြစ်ရတတ်ပါတယ်။ အဲလိုမဖြစ်ရအောင် ကိုယ်သုံးတဲ့ရေမွှေးလေးတွေကအမျိုးအစားပေါ်လိုက်ပြီး ရနံ့တွေလည်းမတူနိုင်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။

 

၁။ Parfum

Parfum ကတော့ရေမွှေးတွေထဲမှာ အနံ့အပြင်းဆုံးနဲ့ essence တွေပါဝင်မှုအများဆုံး (၄၀% နီးပါး)ဖြစ်တဲ့အမျိုးအစားဖြစ်ပါတယ်။ Essence တွေအများဆုံးပါဝင်လို့ ဈေးအကြီးဆုံးတွေထဲလည်းပါပါတယ်။ များသောအားဖြင့် တစ်စက်ချင်းချလို့ရတဲ့ stopper bottle type လေးနဲ့လာပြီးတော့ ရေမွှေးစွတ်ရင်လည်း တစ်စက်လောက်နဲ့တင်လုံလောက်တဲ့ အမျိုးအစားပါ။ Alcohol ပါဝင်မှုအနည်းဆုံးဖြစ်လို့ sensitive skin ပိုင်ရှင်တွေနဲ့လည်းအဆင်ပြေပါတယ်။

၂။ Eau de Perfume

Parfume အမျိုးအစားပြီးရင် Eau de Perfume က ရနံ့ပါဝင်မှုအများဆုံးပါ။ များသောအားဖြင့် ၁၅-၂၀% လောက် essence ပါဝင်ပြီး ဒုတိယဈေးအကြီးဆုံးရေမွှေးအမျိုးအစားလည်းဖြစ်ပါတယ်။ လူသုံးအများဆုံးရေမွှေးအမျိုးအစားတစ်ခုဖြစ်ပြီး နေ့စဉ်သုံးဖို့လည်းသင့်တေယ်ပါတယ်။ များသောအားဖြင့်တော့ ၆နာရီလောက်ကြာတဲ့အထိရနံ့စွဲတယ်လို့ဆိုပါတယ်။

 

၃။ Eau de Toilette

လူကြိုက်အများဆုံးရေမွှေးအမျိုးအစားလို့ဆိုနိုင်တဲ့ ဒီ Eau de Toilette မှာတော့ ရေမွှေးဆီပါဝင်မှုနှုန်း ၁၀-၁၅% လောက်ထိပါဝင်ပြီး နေ့တိုင်းသုံးဖို့သင့်တော်တဲ့ perfume type ဖြစ်ပါတယ်။ ဆွတ်ထားပြီးရင် ၂နာရီ ၃နာရီလောက်ထိရနံ့မပြယ်ဘူးလို့လည်းဆိုကြပါတယ်။

 

၄။ Eau de Cologne

Eau de Cologne မှာတော့ရေမွှေးဆီပါဝင်မှုက ၂%-၄% လောက်ပဲရှိတာမို့ ဈေးလည်းတစ်ခြားရေမွှေးအမျိုးအစားတွေလောက်မကြီးပါဘူး။ တစ်ခြားရေမွှေးအမျိုးအစားတွေထက်များများပိုဆွတ်ပေးဖို့လိုတာကြောင့် ဘူးလည်းကြီးကြီးလာတာများပါတယ်။

အခုဆိုရင်တော့မတူညီတဲ့ရေမွှေးအမျိုးအစားလေးတွေကိုဖော်ပြပေးပြီးပြီဆိုတော့ ကိုယ်သုံးနေတဲ့ရေမွှေးလေးကလည်း ဘယ်လိုအမျိုးအစားလည်းဆိုတာကြည့်ကြည့်လိုက်ကြရအောင်လားနော်?

image source – www.chanel.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password