Eye makeup တွေကို အထိရောက်ဆုံးဖယ်ရှားပေးမယ့် Garnier Micellar Eye Makeup Remover Pads

ညအိပ်ယာဝင်ချိန်ရောက်လာပြီဆိုရင်တော့ နေ့ခင်းအချိန်မှာ လိမ်းထားတဲ့ မိတ်ကပ်ကို ဖျက်ရတော့မယ်လေ။ ညအချိန်မှာ မိတ်ကပ်မှန်မှန် ဖျက်ပေးဖို့ မမေ့ပါနဲ့နော်။ မိတ်ကပ်မဖျက်ဘဲ အိပ်ပျော်သွားမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်နဲ့ အသားအရေပျက်စီးတာတွေ ဖြစ်လာနိုင်ပါတယ်။ အသားအရေ အိုမင်းလွယ်စေပါတယ်။ မိတ်ကပ်ဖျက်ဆေးကို သုံးပြီး ဖယ်ရှားပေးပါနော်။ မျက်နှာသစ်ဆပ်ပြာနဲ့ တိုက်ရိုက်ဖယ်ရှားတာဟာ မိတ်ကပ်တွေ မျက်နှာပေါ်မှာ ကျန်နေနိုင်လို့ပါ။

ပျိုမေတို့မှာ အမှားအယွင်းမရှိဘဲ ဝက်ခြံတွေ၊ မှဲ့ခြောက်တွေနဲ့ အဆီဖုတွေ မပြတ်တမ်းထွက်နေတယ်ဆိုရင်တော့ ညအိပ်ချိန်မှာ မိတ်ကပ်ဖျက်ဆေးနဲ့ မိတ်ကပ်တွေ မဖယ်ရှားမိလို့ပါ။ ညအိပ်ယာဝင်ချိန်မှာ မိတ်ကပ်တွေကို မဖယ်ရှားဘူးဆိုရင် ဝက်ခြံတွေ တင်းတိတ်တွေ ဘယ်တော့မှ မပျောက်ပါဘူး။ Eyeliners နဲ့ mascaras တွေကိုလည်း မိတ်ကပ်ဖျက်ဆေးနဲ့ သေသေချာချာဖျက်ပေးဖို့လိုပါတယ်နော်။ မျက်လုံးတဝိုက်မှာ ကျန်နေတယ်ဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ မျက်တောင်ကျွတ်တာ၊ အရေးအကြောင်းပေါ်တာ၊ အဆီဖုထွက်တာ စတဲ့ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

ပျိုမေတို့အနေနဲ့ ဈေးကွက်ထဲမှာ မိတ်ကပ်ဖျက်ဆေးတွေ တံဆိပ်မျိုးစုံ၊ ဈေးနှုန်းမျိုးစုံနဲ့ ကြိုက်နှစ်သက်ရာကို ရွေးချယ်လို့ရနိုင်ပါတယ်။ များသောအားဖြင့် အဆီ(Oil)၊ အရည် နဲ့ pad တို့က အသုံးပြုမှု အများဆုံးပါ။ အဆီနဲ့ အရည်ကတော့ cotton pad ထပ်ဝယ်ပြီး အသုံးပြုပေးရပါတယ်။ မိတ်ကပ်ဖျက်တဲ့  pad တွေကတော့ တခါတည်း ဖျက်လိုက်ရုံပါပဲ။ နှစ်ဆင့် သုံးစရာမလိုတော့ဘူးပေါ့နော်။ အချိန်မရှိတာပဲဖြစ်ဖြစ်၊ အိပ်ချင်နေတာပဲဖြစ်ဖြစ် ၊ ပင်ပန်းနေလို့ မိတ်ကပ်ဖျက်ဖို့ စိတ်မပါတော့ဘူးဆိုရင်တော့ ဒီမိတ်ကပ်ဖျက်တဲ့ pad လေးတွေက အရမ်းအသုံးဝင်ပါတယ်။ အဓိကအားသာချက်က မလှုပ်မရှုပ်ဘဲ မြန်ဆန်စေတာပါ။

မိတ်ကပ်ဖျက်ဆေးတွေက နေ့စဉ်အသုံးပြုရတာကြောင့် ခဏနဲ့ကုန်လွယ်ပါတယ်။ ရိုးရိုးမိတ်ကပ်ဖျက်တာနဲ့ eye makeup ဖျက်တာကို ခွဲခြားပြီး သုံးလိုက်မယ်ဆိုရင် အမြန်ကုန်တာ သက်သာပြီး ထိရောက်မှုလည်း ပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့်မို့ Garnier ရဲ့ Micellar Eye Makeup Remover Pads လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

            

သူကတော့ Eye makeup အတွက် သီးသန့်ထုတ်ထားတာပါ။ မျက်တောင်ကော့ဆေးတွေ၊ eyeliner တွေနဲ့ mascaras တွေအပြင် မျက်လုံးတစ်ဝိုက်က အညစ်ကြေးတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ မျက်နှာနောက်တခါ ပြန်သစ်စရာမလိုတော့တာကတော့ သူ့ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ မျက်လုံးတဝိုက်မှာ အကပ်အကျန်တွေမရှိအောင် ဖယ်ရှားပေးနိုင်ပါတယ်။

မျက်လုံးဆိုတာ အထိအခိုက်မခံတာကြောင့် Micellar Eye Makeup Remover ရဲ့ cotton pad လေးတွေဟာဆိုရင်တော့ မျက်စိနဲ့ မျက်စိတစ်ဝိုက်က နူးညံ့တဲ့ အသားအရေအတွက် အထူးသင့်တော်ပါတယ်။ အမွှေးအကြိုင်နဲ့ အဆီတွေမပါတာကြောင့်လည်း ဓါတ်မတည့်မှာ မစိုးရိမ်ရတော့ပါဘူး။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ဗူးလေးထဲက Pads လေးကိုယူပြီး မျက်လုံးတဝိုက်လိမ်းထားတာကို ဖျက်ပေးလိုက်ရုံပါပဲ။ မျက်နှာသစ်ဆေးနဲ့ နောက်တစ်ခါ ပြန်သစ်စရာ မလိုတော့ဘူးပေါ့နော်။ ဘူးထဲမှာလည်း cotton pad အခုတစ်ရာပါဝင်တာကြောင့် ကြာကြာအသုံးခံပါတယ်။

ဒါဆိုရင်တော့ ပျိုမေတို့ရေ ညအိပ်ယာဝင်ခါနီးကြရင် တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်နဲ့ eye makeup တွေကို အချိန်ပေးစရာမလိုဘဲ Garnier ရဲ့ Micellar Eye Makeup Remover Pads လေးကိုအသုံးပြုပြီး ပြန်ဖျက်ပေးဖို့ မမေ့ပါနဲ့နော်။

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password