Gi Gi Haid ရဲ့ JETSETTER TRAVEL MAKEUP KIT

နာမည်ကျော် မော်ဒယ် Gi Gi မိတ်ဆက်ပေးတဲ့ Makeup Kit လေးပဲ ဖြစ်ပါတယ်။

သူ ပြောတာကတော့ လေယာဉ် ပေါ်က ဆင်းဆင်းချင်း အလှဆုံး ဖြစ်နေဖို့အတွက်ကတော့ မိတ်ကပ်အစုံပါတဲ့ Kit လေး တစ်ခုကို လိုချင်လို့ပါတဲ့။

ခရီးသွားရတာကို နှစ်သက်တဲ့မိန်းကလေးတွေ အတွက်ကတော့ ခရီး တစ်ခါထွက်မယ်ဆိုရင် ပြင်ရ ဆင်ရတဲ့အလှကုန်တွေက စိတ်ရှုပ် စေတာ အမှန်ပါပဲ။ ဒီအတိုင်းမျက်နှာ ပြောင်ကြီးနဲ့ သွားရင်လည်း ခရီးသွားတဲ့ပုံတွေအထဲ ကြည့်လို့ မကောင်းမှာ စိုးရိမ်ရသလို မိတ်ကပ်အလှကုန်တွေ သယ်သွားပြန်ရင်လည်း ခရီးသွားတာ ဖြစ်တဲ့အတွက် ပုံမှန် အသုံးပြုနေကျ အရာတွေကို သယ်သွားရတာလည်း အဆင် မပြေနိုင်တာမျိုး ဖြစ်နေတတ်ပါတယ်။

ခရီးသွားတဲ့အချိန်မှာ အလှဆုံးလည်း ဖြစ်ချင်တယ် မိတ်ကပ်ပြင်တဲ့အလှကုန်တွေကိုလည်း အများကြီး သယ်မသွားချင်တဲ့သူတွေအတွက် အကောင်းဆုံး အရာလေးပါ။ ဒါကြောင့်လည်း Travel makeup kit လို့ နာမည် ပေးထားတာပါ။ ဒီတစ်ခုလေး ပါသွားရင် မိတ်ကပ်ပြင်ဖို့အတွက် ပြီးပြည့်စုံတဲ့ ပြင်ဆင် ခြယ်သမှုတွေကို ပြုလုပ်လိုက်လို့ ရပါပြီနော်။

Kit အထဲမှာ ပါဝင်တဲ့အရာတွေကတော့ Concealers (၂) ရောင် ၊ Lip balms (၂) ရောင် ၊ Eyeshadows (၄) ရောင် ၊ ပါးနီ တစ်ရောင် ၊ Matte bronzer တစ်ရောင်၊ Highlighter တစ်ရောင်နဲ့ အမိုက်စား မျက်တောင်ကော့ဆေး တို့ပါဝင်ပါတယ်။

ဈေးနှုန်းအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၃၀ ဖြစ်တဲ့အတွက် သင့်တင့်တဲ့အလှကုန်လို့ ဆိုနိုင်မှာပါ။ တစ်ခုတည်း ရှိရုံနဲ့ မိတ်ကပ်ပြင်ဆင်မှုအကုန်လုံးကို လိုအပ်ချက် ဘာမှ မရှိတော့တဲ့အထိ ပြင်ဆင်လိုက်လို့ ရနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Gi Gi Haid ရဲ့ JETSETTER TRAVEL MAKEUP KIT ကို ရယူလိုက်ပြီး ခရီးသွားတဲ့အချိန်မှာ လေယာဉ်ပေါ်က ဆင်းလိုက်တာနဲ့ အလှဆုံး ဖြစ်နေစေမယ့် ပြင်ဆင်မှုမျိုးကို ပြင်ဆင်လိုက်ဖို့ အလွယ်လေး ဖြစ်သွားမှာပါနော်။ မျက်တောင်လေး ကော့ရဦးမှာကို ဘယ်ထားမိမှန်းမသိတာတွေ၊ ပါးနီ ထပ်လိမ်းမလို့ပါဆို ဗူးက ရှာရခက်နေတာတွေအတွက် ဆိုပြီး တစ်ခုချင်းစာ လိုက်ပူနေစရာ မလိုတော့ဘဲ အကုန်လုံး တစ်နေရာတည်းမှာ ရှိနေတော့ ဘာပူစရာ ရှိဦးမှာလဲ။

 

Image Source:  www.maybelline.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password