
Oily Skin နဲ့ Combination Skin အတွက် အထူးသင့်တော်မဲ့ Lightweight moisturizer လေးကို Glow Recipe ကနေမိတ်ဆက်ပေးလိုက်ပါပြီ။ ဒီ Watermelon Glow Pink Juice Moisturizer လေးကို ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ ဖရဲသီး အဆီအနှစ်တွေကနေထုတ်လုပ်ထားတာဖြစ်ပြီး တင်းရင်းဝင်းပတဲ့ အသားအရေမျိုးကို ဖန်တီးပေးနိုင်ပါတယ်။ အထူးသဖြင့် Hydrating Hyaluronic Acid ပါဝင်တဲ့အတွက်ကြောင့် အသားအရေအတွင်းဆုံးပိုင်းအထိ ပြန်လည်နိုးကြားစေပြီး ခြောက်သွေ့တဲ့အသားအရေတွေကိုလည်း ပြန်လည်စိုပြေစေနိုင်ပါတယ်။ မွဲခြောက်ပျက်စီးနေတဲ့အသားအရေအတွက်သာမက နေရောင်ကြောင့် အသားအရေမညီမညာဖြစ်ခြင်းမျိုးတွေကိုလည်း ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။
Lightweight Oil Free အဖြစ်ထုတ်လုပ်ထားတဲ့ Moisturizer ဖြစ်တဲ့အတွက်ကြောင့် အသားအရေအဆီပြန်သူတွေ၊ Combination Skin တွေသာမက ခြောက်သွေ့သောအသားအရေအတွက် Serum အနေနဲ့ အသုံးပြုနိုင်ပါတယ်။ မနက်တကြိမ်၊ ညတကြိမ် ပုံမှန်အသုံးပြုခြင်းကြောင့် နာရီနဲ့အမျှနူးညံ့စိုပြေတဲ့အသားအရေအဖြစ် ပြောင်းလဲလာတာကို တွေ့မြင်ရမှာပါ။ Gel Emulsion ပုံစံဖြစ်တဲ့အတွက်ကြောင့် အသုံးပြုလိုက်တဲ့အခါမှာ အေးမြပြီး စေးထိုင်းနေတာမျိုးလည်း မဖြစ်ပါဘူး။ ပုံမှန်အသုံးပြုခြင်းအားဖြင့် ပိုမိုဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်စေမှာဖြစ်ပြီး အမဲစက်နဲ့ အရေးအကြောင်းတွေကိုလည်း တဖြည်းဖြည်းမှေးမှိန်သွားစေမှာပါ။
Glow Recipe ဟာ Korea Brand အသစ်တခုဖြစ်ပြီး အာရှမှာသာမကဘဲ ဥရောပနိုင်ငံတွေမှာပါ ရောင်းအားသွက်ပြီး အများနှစ်ခြိုက်ကြတဲ့ Brand လေးဖြစ်ပါတယ်။ ဒီ Watermelon Glow Pink Juice Moisturizer ကို ၃၉ ဒေါ်လာ မှရောင်းချနေပြီး Review တော်တော်များများရဲ့ Recommend ပေးခြင်းကိုခံရတဲ့ Product လေးပဲဖြစ်ပါတယ်။
Image Source : www.glowrecipe.com