မျက်နှာပေါ်က အညစ်ကြေးတွေ လုံးဝသန့်စင်သွားဖို့ဆိုရင်

နေ့စဉ်နေ့တိုင်းလိမ်းနေရတဲ့ မိတ်ကပ်တွေနဲ့ ဖုံမှုန့်တွေကနေကပ်ကျန်နေတဲ့ အညစ်တွေကို ပြောင်စင်အောင်သန့်စင်စေဖို့ဆိုရင် သင်သုံးနေတဲ့ မျက်နှာသစ်ဆေးတွေက အမှန်တကယ်သန့်စင်ပေးနိုင်တာ သေချာရဲ့လားဆိုတာကို သိထားရပါမယ်နော်။ အကယ်၍ သင်လက်ရှိသုံးနေတဲ့ Facial Foam ကသင့်ရဲ့ မျက်နှာအရေပြားကို သေသေချာချာ သန့်စင်မပေးနိုင်ဘူးဆိုရင်တော့ မျက်နှာမှာ ဝက်ခြံပေါက်တာတွေ ဆားဝက်ခြံတွေနဲ့ အရေပြားကျန်းမာရေတွေ ဖြစ်ပေါ်တတ်ပါတယ်။ အခုလိုမျိုးတွေ မဖြစ်ပေါ်အောင်အမှန်တကယ် သန့်စင်ပေးနိုင်ဖို့အတွက် Facial Foam ကောင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Facial Foam လေးကတော့ Goodal Double Bright White Peony Cleansing Foam ဆိုတဲ့ မျက်နှာသစ်ဆေးလေးပဲ ဖြစ်ပါတယ်။ သူကတော့ မျက်နှာရဲ့ အပေါ်ယံအရေပြားပေါ်က အလွှာတင်မကဘဲ အရေပြားရဲ့ ဟိုး…အတွင်ပိုင်းထဲထိပါ သန့်စင်ပေးနိုင်တာကြောင့် ဝက်ခြံခဏခဏထွက်တတ်တဲ့ အသားရေမျိုးဆိုရင် အညစ်အကြေးတွေ ကင်းစင်သွားပြီး ဝက်ခြံထွက်တာတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြည်လင်တောင်ပတဲ့ မျက်နှာလေးကိုပါ ပိုင်ဆိုင်နိုင်မှာပါ။ Peony ပန်းရဲ့အဆီအနှစ်တွေနဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့်လည်း မျက်နှာအသားရေကို နူးညံ့စိုပြေစေမှာ ဖြစ်ပါတယ်။

သူ့ရဲ့အသုံးပြုပုံကတော့ သာမန် Facial Foam တွေသုံးသလို Cream တွေအများကြီးမလိုဘဲ အနည်းငယ်လက်ထဲထည့်ပြီး သာသာယာယာလေး မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ တစ်နေ့ကို မနက် ၁ကြိမ် ည ၁ကြိမ် အသုံးပြုပေးရုံနဲ့ လုံလောက်ပါတယ်။

ကြည်လင်တောက်ပဖြူဝင်းမှု နှစ်ဆပေးနိုင်ပြီး အားလုံးကိုလှပစေချင်တဲ့ စေတနာအပြည့်နဲ့ Goodal

 

Image Source : http://www.goodalcosmetic.com

https://www.facebook.com/clubcliomyanmar/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password