အသားအရေမွဲခြောက်မှုကို ကာကွယ်တားဆီးပေးမယ့် Perfecting Pearls Anti Dullness MÉTÉORITES BASE

အသားအရေ မွဲခြောက်တတ်တဲ့ ပျိုမေတို့အတွက် ဒီတစ်ခေါက် အသားအရေ မွဲခြောက်ခြင်းကို ကင်းဝေးစေပြီး စိုပြေလှပစေတဲ့ Skin-perfecting Base လေးတစ်ခုအကြောင်း ပြောပြပေးလိုက်ပါတယ်နော်။ အဲဒီ Skin-perfecting Base လေးကတော့ Guerlain အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ Perfecting Pearls Anti Dullness MÉTÉORITES BASE လေးပဲ ဖြစ်ပါတယ်။

Guerlain ရဲ့ Perfecting Pearls Anti Dullness MÉTÉORITES BASE အဓိက အကျိုးကျေးဇူးကတော့ အသားအရေ မွဲခြောက်ခြင်းကို ကာကွယ်တားဆီးပေးပြီး အသားအရေကို ရေဓာတ်ဖြည့်တင်းပေးလို့ စိုပြေလှပစေခြင်းပဲ ဖြစ်ပါတယ်။ ဒါထက်မကသေးဘဲ Special Polymer က မျက်နှာပြင်ရှိ အဆီဖုလေးများကို လျော့နည်းသက်သာစေပြီး မျက်နှာပြင်မှာ ရှိနေတတ်တဲ့ အမည်းကွက်တွေနဲ့ အခြားအပြစ်အနာဆာများကို ဖုံးအုပ်ပေးထားမှာ ဖြစ်ပါတယ်။

ပုလဲရောင်လုံးလေးများက မျက်နှာလေးကို ထင်လင်းတောက်ပစေပြီး အသားအရေ မညီညာမှုများကို ထိန်းညှိပေးစွမ်းနိုင်ပါတယ်။ မျက်နှာပြင်ထက်မှာ တစ်နေကုန်ကြာရှည်ခံနေစေပြီး ချောမွေ့နူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။

နေ့စဉ်မိတ်ကပ်လိမ်းခြယ်ရာမှာ ပထမဆုံးအဆင့်တစ်ခုအနေနဲ့ အသုံးပြုပေးနိုင် ပါတယ်။ ခါတိုင်းလို နံနက်တိုင်း Skin Care ပြုလုပ်ပြီးနောက်မှာ Perfecting Pearls Anti Dullness MÉTÉORITES BASE တစ်မျိုးတည်းပဲ ဖြစ်စေ၊ မိတ်ကပ်အောက်ခံတစ်ခုအနေနဲ့ ဖြစ်စေ အသုံးပြုပေးလို့ ရပါတယ်။

လိမ်းဆေးခြယ်နည်းအဆင့်ဆင့်ကိုတော့ ဒီလင့် https://youtu.be/sRF2M2LDsEI လေးမှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်နော်။

Image Source – https://www.guerlain.com/int/en-int/

https://www.instagram.com/guerlain/

https://www.facebook.com/Guerlain

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password