ခရီးကပြန်လာတဲ့ ပျိုမေတို့အတွက် Skin Care လမ်းညွှန်

ပိတ်ရက်ရှည်လေး ပြီးသွားခဲ့ပြီမို့ အခုချိန်အားလုံး လုပ်ငန်းခွင်ပြန်ဝင်နေကြပါပြီ။ ပိတ်ရက်ရှည်မှာတုန်းက ခရီးသွားထားတယ်ဆိုရင်တော့ အခုချိန်မှာ အသားအရေကို ဂရုစိုက်ပေးရတော့မှာပါ။ ခရီးသွားတဲ့အခါ အသားအရေက နေဒဏ်၊ လေဒဏ်နဲ့ ဖုန်မှုန့်တွေကပ်ညှိနေပါလိမ့်မယ်။ အထူးသဖြင့် အပူပိုင်းဒေသနဲ့ ပင်လယ်ကမ်းခြေခရီးသွားတယ်ဆိုရင် နေလောင်ဒဏ်ကို အနည်းနဲ့ အများခံစားကြရပါတယ်။ မျက်နှာနေလောင်လာတာ ဒါမှမဟုတ် လက်နဲ့ ခြေထောက်တွေ မဲလာတာမျိုး အများဆုံးကြုံရပါတယ်။ အမြန်ဆုံးပျောက်ကင်းပြီး အရင်ကအသားအရေပြန်လည်ရရှိအောင် ခရီးကပြန်လာပြီဆိုရင် မျက်နှာပေါင်းတင်ပေးတာ၊ Lotion အသုံးပြုတာနဲ့ spa ပြုလုပ်ပေးရပါမယ်။

အသားအရေပြန်လည်ကောင်းမွန်လာအောင် အထောက်အကူပြုတဲ့ Skin Care ပစ္စည်းတွေကို အခုချိန်မှာ မှန်မှန်ကန်ကန်အသုံးပြုသင့်ပါတယ်။ ပျက်စီးနေတဲ့ အသားအရေကို ဘယ်လိုသိနိုင်လဲဆိုတော့

(၁) မျက်နှာပေါ်မှာ အရေးအကြောင်းနဲ့ လှိုင်းတွေထလာမယ်။

(၂) အသားအရေ ပါးလာမယ်။

(၃) အမဲစက်တွေထွက်လာမယ်

(၄) ဝက်ခြံနဲ့ အဆီဖုတွေ ပေါက်လာမယ်။

(၅) ယားယံလာမယ်။

ဒီလိုပြဿနာတွေ ကြုံတွေ့လာတဲ့အခါ အရက်ပြန်ပါတဲ့ ဆပ်ပြာတွေ၊ ကြမ်းတဲ့ဆပ်ပြာ၊ parabens နဲ့ ဆာဖိတ်ပါတဲ့ ဆပ်ပြာတွေကို ရှောင်ရှားရပါမယ်။ ရေဓါတ်ပြန်လည်ဖြည့်ပေးတဲ့ anti-aging ပါဝင်တဲ့ ဆပ်ပြာတွေကို ရွေးချယ်အသုံးပြုပေးရပါမယ်။ ပျက်စီးနေတဲ့ အသားအရေအတွက် cream ကို နေ့စဉ်လိမ်းပေးရပါမယ်။ Cream ကို နေ့စဉ်လိမ်းပေးခြင်းဖြင့် မျက်နှာပေါ်မှာရှိတဲ့ အသားအရေတွန့်တာတွေနဲ့ အစက်အပြောက်တွေကို ပျောက်ကင်းစေပါတယ်။ ရေဓါတ်ကိုပြန်လည်ဖြည့်ဆည်းပေးတဲ့ cream အမျိုးအစားကို ရွေးချယ်ပေးပါ။ ဥပမာ hyaluronic acid cream ပါ။ ပျက်စီးနေတဲ့ အသားအရေအတွက် အကောင်းဆုံး moisturizer ကတော့  glycolic exfoliation gel အမျိုးအစားပဲဖြစ်ပါတယ်။ ဝက်ခြံနဲ့ အဆီဖုတွေကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်နဲ့ အညစ်အကြေးတွေ အတွက်တော့ exfoliation creams ကို အသုံးပြုပေးနိုင်ပါတယ်။

Anti-aging ပါဝင်တဲ့  skincare ပစ္စည်းတွေဟာဆိုရင် အသားအရေပျက်စီးနေသူတွေအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးဖြစ်ပါတယ်။ Day Cream အစား wrinkle cream ကိုအသုံးပြုသင့်ပြီး night cream အစားကိုတော့  retinol wrinkle cream ကို အသုံးပြုသင့်ပါတယ်။ နောက်ထပ်အသားအရေအတွက် အကောင်းဆုံး night cream တွေကတော့ jojoba, squalane နဲ့ hyaluronic acid တို့ကို ညအိပ်ခါနီးမှာ နေ့တိုင်းမှန်မှန် လိမ်းအိပ်ပေးပါ။ Eye Cream ကိုလည်း နေ့စဉ်အသုံးပြုပေးဖို့ မမေ့ပါနဲ့နော်။ နေ့ခင်းရုံသွားတာ ဒါမှမဟုတ် အပြင်ထွက်တဲ့အခါ sunscreen ကို မှန်မှန်ပေးဖို့လည်း သတိပေးလိုက်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password