ရှေ့ဆံမြိတ်လေးတွေ အဆီပြန်ပြီးကပ်မနေအောင် ကူညီပေးမယ့်နည်းလမ်းများ

ရှေ့ဆံမြိတ်ချထားတဲ့ ဆံပင်ပုံစံလေးတွေက ချစ်ဖို့ကောင်းသလောက် အဆီပြန်လွယ်ပြီး နှဖူးမှာပြားကပ်နေတတ်တာကြောင့် ပျိုတို့အတွက်တော့စိတ်ညစ်စေရတတ်ပါတယ်။ ဒါကြောင့် ရှေ့ဆံမြိတ်လေးတွေအမြဲပုံကျလှပနေစေဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပြီနော်။

၁။ ဆံပင်လျှော်တဲ့နည်းကိုပြောင်းပါ

ဆံပင်လျှော်တဲ့အခါမှာ ရှေ့ဆံပင်ကို conditioner မသုံးဘဲ shampoo သီးသန့်နဲ့ပဲလျှော်ပေးသင့်တယ်လို့ဆိုကြပါတယ်၊ ဘာလို့လဲဆိုတော့ conditioner သုံးလိုက်ရင်ရှေ့ဆံပင်တွေကို နှာဖူးမှာပိုပြီးကပ်နေနိုင်စေလို့ပါ။

၂။ နှဖူးပေါ်ကို skin care တွေအများကြီးမလိမ်းပါနဲ့

နှဖူးပေါ်ကို moisturizer လို skin care တွေအများကြီးလိမ်းမယ်ဆိုရင် ချွေးပေါက်တွေပိတ်ပြီးအဆီပြန်စေလာနိုင်တာကြောင့် ရှေ့ဆံမြိတ်တွေပါ အဆီပြန်လာစေမှာပါ။

၃။ ဆံပင်အခြောက်ခံတဲ့ပုံကိုသတိထားပါ

ရှေ့ဆံမြိတ်တွေကို dryer မှုတ်တော့မယ်ဆိုရင် အရင်ဆုံးဆံမြိတ်တွေကို အရှေ့ပိုင်းကိုယူဖြီးပြီး dryer ကို အောက်စိုက်ထားတဲ့အနေအထားနဲ့ မှုတ်ပေးရပါမယ်။ အကောင်းဆုံးနည်းကတော့ အပူချိန်ကိုအမြင့်ဆုံးထားပြီး ရှေ့ဆံပင်ကို ခပ်မြန်မြန်ခြောက်သွေ့အောင်လုပ်ဖို့ပါတဲ့။

၄။ Dry shampoo နဲ့ Translucent Powder ကိုအားကိုးပါ

မနက်ထဲကပုံသွင်းထားတဲ့ ရှေ့ဆံမြိတ်လေးတွေ သွားရင်းလာရင်းနဲ့အဆီပြန်လို့မလှတော့ဘူးဆိုရင် dryshampoo လေးနဲ့ဖြန်းပြီး ချက်ချင်းပုံပြန်သွင်းနိုင်ပါတယ်။ ဒီထပ်ပိုမြန်ချင်ရင်တော့ translucent powder ကို ဆံပင်အရင်းကိုလိမ်းပေးပြီး ဆံပင်ကိုလှန်ဖြီးပေးလိုက်မယ်ဆိုရင် powder မှုန့်တွေမကပ်နေတော့ပဲ လိုသလိုပုံပြန်သွင်းနိုင်ပါပြီ။

၅။ အဆီစုပ်စက္ကူ အသင့်ဆောင်ထားပါ

နှဖူးမှာအဆီပြန်လာရင်လည်း ရှေဆံပင်ကိုပိုပြီးအဆီပြန်စေတာမို့လို့ အဆီစုပ်စက္ကူလေးတွေသုံးပြီး မျက်နှာတစ်ဝိုက်ကိုအဆီမပြန်အောင်ထိန်းပေးသင့်ပါတယ်။

Image Source : www.etudehouse.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password